Part 31

2.1K 421 64
                                    

" ဘာဖြစ်လို့လဲ"

ထပ်မေးလိုက်သော parkchanyeol အသံကို
​ကြားတော့မှ Baekhyun လူနဲ့အသိစိတ်နဲ့ကပ်ရသည်

သွေးကြောများထင်းနေသည့်
လည်ပင်းတောက်လျှောက်စီးကျနေသော
ရေစီးကြောင်းတွေကိုမြင်နေရသည်
baekhyun သည် အကြည့်ကိုရအောင်
လွှဲသော်လည်း တစ်ခါမှမမြင်ဖူးခဲ့သည့်
ခန္ဓာအစိတ်အပိုင်းတွေပေါ်က
တတ်တူးအမိုက်စားတွေက သူ့အား
မျက်လုံးမလွှဲနိူင်အောင်ဆွဲဆောင်ထား​၏

သို့သော် ဒီလောက်ဆို အဝကြည့်ပြီးလောက်ပြီလို့ ယူဆတာကြောင့် စိတ်ကို ပြန်ထိန်းပြီး parkchanyeol ကို Baekhyun
သေချာစိုက်ကြည့်လိုက်သည်

ဘာလို့ ဒီကောင်က အခုမှ
အရမ်းကိုဂေါ်ထွက်နေပါသနည်း။

" ပြောစရာမရှိရင်သွားတော့ "

ဆိုပြီး တံခါးကိုပြန်ပိတ်သွားသည့်အခါ
baekhyun သည်အခန်းတံခါးကို
လှမ်းဆွဲ၍ အာရုံကြော​၏
တုံ့ပြန်မှုအလျောက် chanyeol ​၏
အခန်းထဲကိုအမြန်တိုးဝင်ပြီး
တံခါးကိုနောက်ပြန်ပိတ်လိုက်သည်။

တံခါးပိတ်သွားပြီအထင်နဲ့လှည့်ထွက်သွားသော chanyeol သည် လိုက်ဝင်လာသော
baekhyun ကြောင့် ပြန်လှည့်ကြည့်လာသည်။

အခုမှသေချာမြင်လိုက်ရတာက
​တတ်တူးများအပြည့်နဲ့ကျောပြင်။

ကျားနဲ့နဂါးနှစ်ကောင်ကိုရောထိုးထားသော
တတ်တူးအနက်​၏အလယ်တွင်
ဒေါင်လိုက်​ရှိနေသည့်ဂျပန်စာများ။

baekhyun သည် စိတ်ထဲက
Oh My God လို့မရေရွတ်ပဲမနေနိူင်လိုက်။

တကယ်ကိုအလန်းစားကြီး​။

​တတ်တူးကိုငေးနေရာမှ
နောက်ထပ်သတိထားမိသွားတဲ့တစ်ခုသည်
parkchanyeol ​၏တစ်ကိုယ်လုံး အဝတ်မပါပဲ
ခါးမှာသာ သဘက်တစ်ခုစည်းထားသည်။

ထိုအောက်ပိုင်းကိုမကြည့်မိအောင်တော့ baekhyun
သူ့ကိုယ်သူထိန်းထားလိုက်သည်။

ဘာဝင်လုပ်တာလဲဆိုတဲ့ အကြည့်တွေနဲ့
ရပ်ကြည့်နေသူက မျက်နှာတစ်ခုလုံး
စိတ်ဆိုးသည့်အရိပ်အယောင်တွေအပြည့်။

baekhyun သည် ငေးနေမိတာကြာပြီမို့
တတ်တူးတွေထံမှအာရုံအမြန်လွှဲပြီး
chanyeol ​​၏စိတ်ရှုပ်နေသော မျက်လုံးတွေကို
လှမ်းကြည့်ကာ ပြောလိုက်သည်

DO YOUWhere stories live. Discover now