" အဆင်ပြေလား baekhyun "
လေသံအေးအေးနဲ့မေးလာသော minho ကို
baekhyun ခေါင်းငြိမ့်ပြလိုက်သည်။" ဟုတ် ပြေတယ်အစ်ကို"
Baekhyun သည်အခုမှပဲ နည်းနည်းစိတ်ငြိမ်သွားတော့သည်။ခုနက ရေထဲမှာ chanyeol ကိုဖက်ပြီး
အားရပါးရငိုနေတာ ၁၅ မိနစ်လောက်အထိ
အငိုမရပ်။အပေါ်ပြန်တတ်မယ်ပြောလည်း
လုံးဝမလှုပ်တာကြောင့်
နောက်ဆုံးမနည်းချော့ပြောကာ
ကုန်းပေါ်ပြန်ဆွဲတင်ထားရသည်။ဒါတောင်အငိုမရပ်သေးပဲ ရှိုက်သံမပျောက်တာကြောင့် minho သည် ဖရဲသီးကျွေးရင်း
တော်တော်ချော့ယူလိုက်ရသည်။Minho သည် baekhyun ၏ဒီလိုပုံစံကို ဒါပထမဆုံး
မြင်ဖူးခြင်းဖြစ်သည်။အဖေကြောင့် ဝမ်းနည်းပြီး
အပြင်ထွက်ဆေးလိပ်သောက်နေချိန်များမှာတောင်
Baekhyun ၏ဝမ်းနည်းနေဟန်ပေါက်သော
မျက်လုံးတွေလောက်သာမြင်ဖူးသည်။
မခံမရပ်နိူင်စွာ ပါးပေါ်စီးကျလာတတ်သော
မျက်ရည်တွေသာမြင်ဖူးသည်။ကလေးတစ်ယောက်လို အသံပါထွက်ပြီး
မရပ်မနား အော်ငိုတာတော့ ဒါပထမဆုံးမြင်ဖူးခြင်းဖြစ်ပါသည်။" တော်တော်ကြောက်သွားလား
Sorry sorry ငါ့ဆီပြေးလာပြီးဖြစ်သွားတာ "နှာခေါင်းတွေ ပါးတွေ နားတွေအကုန်နီရဲပြီး
မျက်နှာငယ်နဲ့ တအင့်အင့်ဖြစ်နေသူ၏
ခေါင်းလေးကိုအသာလှမ်းပုတ်ပြီး ပြောမိသောအခါ
baekhyun က ခေါင်းအသာ ခါပြသည်။" အစ်ကိုကြောင့် မဟုတ်ဘူး
ဒီတိုင်း ကျွန်တော်ကြောက်စိတ် မပြေသေးလို့ "Baekhyun သည် ပြောနေရင်းနဲ့မျက်ရည်လုံးကြီး
ကျလာပြန်သည်။chanyeol သည် သူတို့နဲ့ ခပ်လှမ်းလှမ်းက ကျောက်တုံးကြီးပေါ်ထိုင်၍
ရေစိုနေသောဆံပင်တွေကို သဘတ်နဲ့သုတ်ရင်း
baekhyun တို့ကိုထိုင်ကြည့်နေသည်။Baekhyun ကိုယ်ထဲ ဝင်လုမတတ် နီးကပ်စွာ
ငုံ့ကြည့်နေတဲ့ သူငယ်ချင်းဖြစ်သူကိုchanyeol
လှမ်းမေးလိုက်သည်" မင်းရောသက်သာလား"
Minho သည်chanyeol ၏မေးခွန်းကြောင့်
ပြန်လှည့်ကြည့်သည်။ထို့နောက်
ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်လေသည်။
baekhyun အခုမှပဲ minho ချော်လဲသွားတာကို သတိရတော့သည်