Part 39

1.8K 322 27
                                    

2019 December Busan

" အဘွား သားပြန်လာပြီ"

ဂီတာအိတ်ကိုချ။လွယ်အိတ်ကို
ဘေးကခုံပေါ်တင်ပြီး အိမ်နံရံမှာရှိနေတဲ့
မီးခလုတ်ကိုဖွင့်လိုက်သည်။

တစ်အိမ်လုံးက တိတ်ဆိတ်နေတာကြောင့်
baekhyun သည်ဖိနပ်ချွတ်ပြီးချင်း
အဘွားအခန်းထဲသို့ တန်းဝင်လာခဲ့သည်။

အခန်းတံခါးကိုတွန်းဖွင့်လိုက်သောအခါ
မည်သူမှရှိမနေ။

နာရီကိုကြည့်စဉ်မှာ ည၈ နာရီခွဲတော့မည်ဖြစ်သည်။

ဒီအချိန်ကြီး အဘွားဘယ်သွားတာများလဲ။

baekhyun သည် ခေတ္တရပ်၍စဉ်းစားနေပြီးနောက် ဘေးက minho တို့အိမ်ဘက်ကို
ထွက်လာခဲ့သည်။

အိမ်အပြင်ဘက်က ချယ်ရီပင်အောက်တွင်
ရပ်၍ဆေးလိပ်သောက်နေသူနဲ့
မျက်နှာချင်းဆိုင်တိုးသောအခါ
Chanyeol သည် သူ့အား လှမ်းကြည့်သည်။
ခုနကမှ အတူတူအိမ်ပြန်လာကြတာဖြစ်ပေမယ့်
အခုမြင်တဲ့အခါ အနေခက်သလို ခံစားရသည်။
အကြည့်ချင်းဆုံသွားကြပေမယ့်
ဘာပြောရမလဲမသိတာကြောင့်
Baekhyun ဒီအတိုင်းကျော်လာခဲ့မိသည်။

ရေကန်ဆီကနေဒီကို အတူပြန်လာကြတဲ့
လမ်းတစ်လျှောက် သူတို့နှစ်ယောက်လုံး
ဘာမှမပြောဖြစ်ကြပါ။

နှစ်ယောက်ထဲဆိုရင် တခါတလေ
နည်းနည်းပါးပါး စကားပြောဖြစ်ကြပေမယ့်
တခါတလေတော့ တကယ်ကို အနေခက်လွန်းသည်

Minho တို့အိမ်ထဲ ဝင်လာတဲ့အခါ
အန်တီက မီးဖိုချောင်ထဲက စားပွဲတွင်ထိုင်နေသည်။
baekhyun ကိုမြင်တော့နည်းနည်းလန့်သွားဟန်ရှိပေမယ့် သူစိတ်ထင်တာဖြစ်မှာပါ လို့baekhyun
တွေးလိုက်မိသည်။

" လာလေ baekhyun
မဟုတ်ရင်တောင် အဲ့ဘက်အိမ်လာခဲ့တော့မလို့ "

Baekhyun သည် အန်တီကို ခေါင်းငုံ့နှုတ်ဆက်
လိုက်ပြီးနောက် မျက်နှာချင်းဆိုင်တွင်
ဝင်ထိုင်လိုက်သည်

" အဘွားအပြင်သွားမယ်လို့များပြောခဲ့သေးလား
မသိဘူးအန်တီ
အိမ်မှာဘယ်သူမှမရှိလို့ "

" အန်တီလည်းအဲ့တာပြောမလို့
အခုပဲ အဲ့ဘက်လာဖို့လုပ်နေတာ။
သားအဘွားက ဒီနေ့ ဆိုးလ်ကိုသွားတယ်
minho လဲဝယ်စရာရှိလို့ဆိုပြီး
တိုက်ဆိုင်သွားတော့ အတူတူသွားကြတယ်
အဲ့တာဒီနေ့သားကို အဘွားက
အန်တီ့အိမ်မှာအိပ်ဖို့မှာခဲ့တယ်
တစ်ယောက်ထဲစိတ်မချလို့တဲ့ "

DO YOUWhere stories live. Discover now