“ဒီနေ့ မိုးရွာတယ်အစ်ကို
ရာသီဥတုက အေးစိမ့်စိမ့်ပါပဲ
မန္တလေးရဲ့ရာသီဥတုကခန့်မှန်းရခက်တယ်ဗျမိုးအေးအေးနဲ့မို့ အစ်ကိုကတော့
အရင်လိုဂိမ်းတွေဆော့နေမလား?
အခုချိန်ထိ စောင်ခြုံထဲကွေးနေမလား?
ကျနော်ကတော့လေ ကော်ဖီလေးတစ်ခွက်နဲ့
အစ်ကို့ကို လွမ်းတဲ့အကြောင်းစာစီနေပါတယ်အစ်ကို ပစ်ထားတဲ့နောက်ပိုင်းမှာ
ကျနော် ပိုပြိီးပိန်လာတယ်အစ်ကို
စောစောအိပ်ပါ ကျန်းမာရေးဂရုစိုက်ပါကလေးရဲ့လို့ အရင်တုန်းကလို
ပြောပေးမယ့်ဆူပေးမယ့် အစ်ကိုမှမရှိတာ
လွမ်းတဲစိတ်တွေနဲ့ အိပ်ပျက်ညတွေလည်း
များခဲ့ပါပြီ အစ်ကိုကတော့သူစိမ်းဆန်နေဆဲအရင်ကဆို တစ်ခုခုခံစားရတိုင်း
အစ်ကို့ကို စကားလာပြောပြီး ရင်ဖွင့်နေကြ
ကျနော် ပြောတဲ့ဟာသတွေ မရယ်ရပေမယ့်
အစ်ကိုကတော့ ရယ်ပေးခဲ့တယ်
မမြင်ရပေမယ့် အစ်ကိုမျက်နှာလေး
ပြုံးနေမှာကို ကျနော်သိတာပေ့ါအခုတော့လည်း အစ်ကို့ အကောင့်လေး
မီးမစိမ်းတော့တာ တစ်နှစ်ပြည့်နေပြီအစ်ကိုကျနော့်ရဲ့ အပြာရောင်ရပ်ဝန်းလေး ခြောက်သွေ့သွားခဲ့တာ ကြာပြီပေ့ါ......."
8.4.2022💌
YOU ARE READING
အစ်ကို့ ကိုလွမ်းတဲ့အကြောင်း
Mystery / Thrillerအစ်ကိုဟာ အနေအေးသလောက် သိပ်ရက်စက်တတ်ပါတယ် ကျနော့်ရဲ့အပြာရောင်ရပ်ဝန်းလေးဟာ အခုတော့လည်းသူစိမ်းဆန်စွာ...........