ဒီနေ့ ပိတောက်ပန်းတွေ ပွင့်တယ်အစ်ကို
အစ်ကို့ကို သိပ်ချစ်တဲ့ ရှေ့အိမ်ကအဖွားရဲ့ပိတောက်ပင်ကပေါ့ ကျနော်တို့အိမ်က ပိတောက်ပင်လေး မရှိတော့ဘူးအစ်ကို
ဘာရယ်မဟုတ် ပိတောက်ပန်းတွေမြင်တော့လည်း အစ်ကို့ကိုလွမ်းတာပါပဲ
လွန်ခဲ့တဲ့၂နှစ်ဆိုတဲ့အချိန်ကို သိပ်လွမ်းတာပဲ
သိပ်ပျော်ခဲ့ရတဲ့အချိန်လေးပေါ့
အစ်ကိုနဲ့ တအားမရင်းနှီးသေးဘူးလေ
စကားလာပြောရမှာကြောက်မိနေခဲ့တာ
အစ်ကို့ရဲ့အပြာရောင်ရပ်ဝန်းလေးအဖြစ်ကိုစတင်ရှိခဲ့တဲ့အချိန်လေးပေ့ါအစ်ကိုကအပြုံးလေးနဲ့လည်းသတ်ပါတယ်
အစ်ကို့အပြုံးလေးကပဲ အေးချမ်းမှုလေးရရှိဖူးတယ် အစ်ကိုက စကားပြောရင် အေးအေးလေးနဲ့ နူးညံ့ပြီး နားထောင်ရသူကို ရွှေရင်အေးစေတာပေ့ါအစ်ကိုသိလားဟင်
ကျနော်က အနေအေးတယ်ဗျ
ရန်လည်းမဖြစ်တတ်သလို အားလုံးနဲ့လည်း
သဟဇာတဖြစ်အောင်နေနိုင်တဲ့သူပေါ့
အဲ့ထဲမှာ အစ်ကို့ကိုထိခိုက်စေမဲ့သူတွေတော့မပါဘူးဗျ အစ်ကို့ကိုထိရင်တော့ ကျနေည့်ရဲ့အမှောင်ဘက်အခြမ်းလေးက နည်းနည်းလေးတော့ စွာတတ်တယ်အစ်ကိုဒါပေမယ့် မမိုက်ရိုင်းခဲ့ဖူးပါဘူးဗျာ
ကျနော်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ
အစ်ကို့ကို ထိခိုက်သွားမှာကိုတော့ သေလောက်အောင်ကြောက်တယ်အစ်ကိုရယ်လွမ်းတယ်အစ်ကို
ခင်ဗျားကိုလည်း လွမ်းတယ်
သင်္ကြန်ကိုလည်း လွမ်းတယ်
ဒါပေမယ့် ဒီနှစ်သင်္ကြန်ကိုတော့
ရင်နာနာနဲ့ ဖြတ်သန်းရလိမ့်မယ်ထင်တယ်
မဆုံးရှုံးသင့်တဲ့သူတွေကို ဆုံးရှုံးထားရသလို
ပေးစပ်ထားရတဲ့ တန်ဖိုးတွေကများလွန်းလို့လေ အစ်ကိုလည်း မဝေးကနေအစစအရာရာ ဂရုစိုက်ပါပိတောက်တွေက သစ္စာရှိတယ်တဲ့အစ်ကို
၁နှစ်မှာ တစ်ခါပဲပွင့်ကြလို့တဲ့
ကျနော်ကတော့လေ နှစ်သစ်တိုင်းမှာ အစ်ကို့ကိုအမြဲတမ်း အချစ်တွေတိုးပြီးပဲ သစ္စာရှိချင်ပါရဲ့သတိရခြင်းများစွာဖြင့်.....
11/4/2022💌
YOU ARE READING
အစ်ကို့ ကိုလွမ်းတဲ့အကြောင်း
Gizem / Gerilimအစ်ကိုဟာ အနေအေးသလောက် သိပ်ရက်စက်တတ်ပါတယ် ကျနော့်ရဲ့အပြာရောင်ရပ်ဝန်းလေးဟာ အခုတော့လည်းသူစိမ်းဆန်စွာ...........