အစ်ကို့ကို ချစ်ကြတဲ့ဒီရပ်ဝန်းလေးက ပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ် အဲ့တာဘာလဲသိလားအစ်ကို
ကိုကြီးကို အစ်ကိုတစ်ယောက်လို မောင်နှမတွေလို အချစ်မျိုးနဲ့ချစ်တာမို့ နောင်တစ်ချိန်မှာ ကိုကြီးရွေးချယ့်မယ့် အမျိုးသမီးလေးကိုလည်း အစ်မတစ်ယောက်လို ယောင်းမလေးလိုချစ်ပေးကြမှာတဲ့
တကယ်တော့ဒီစကားဟာ သိပ်လှတဲ့မုသားလေးဆိုတာ အစ်ကိုရိပ်မိလေမလား အားလုံးက အစ်ကို့ကိုချစ်တဲ့စိတ် အစ်ကိုပျော်နေတာကိုမြင်ချင်တဲ့စိတ်လေးနဲ့ပဲ ရင်နာတာကိုညာပြီး ပျော်တယ်လက်ခံပေးနိုင်တယ် ဒီစကားလေးတွေနဲ့ပဲ ကိုယ့်ကိုကိုယ်နှစ်သိမ့်တတ်ကြတာ
ချစ်တဲ့စိတ်တစ်ခုထဲနဲ့ပဲ အားလုံးကိုလက်ခံပေးနိုင်တယ် ဆိုတဲ့စကားလေးတွေကြားတဲ့အခါမှာ စိတ်လွတ်ကိုယ်လွတ်မပျော်လိုက်ပါနဲ့အစ်ကို
ပြုံးပြနေတဲ့ သူ့တိုနှုတ်ခမ်းထက်ကအပြုံးလေးတွေထက် သူတို့မျက်ဝန်းထဲမှာဖွက်ထားတတ်တဲ့မျက်ရည်လေးတွေနဲ့ ရင်ဘတ်ထဲကနာကျင်မှုလေးတွေကိုသာ မြင်အောင်ကြည့်ပေးပါ အားလုံးကနာကျင်မှုကိုအံတုပြီး အစ်ကိုပျော်ဖို့ပဲဆုတောင်းပေးကြတာမို့
အစ်ကိုကတော့ ထာဝရပျော်နေပေးပါ
အားလုံးချစ်ရတဲ့ အစ်ကိုအပြုံးပန်းလေးကအမြဲပွင့်လန်းနေပေးပါ...20/4/2022💔
YOU ARE READING
အစ်ကို့ ကိုလွမ်းတဲ့အကြောင်း
Mystery / Thrillerအစ်ကိုဟာ အနေအေးသလောက် သိပ်ရက်စက်တတ်ပါတယ် ကျနော့်ရဲ့အပြာရောင်ရပ်ဝန်းလေးဟာ အခုတော့လည်းသူစိမ်းဆန်စွာ...........