ဒီနေ့တော့ နွေအပူဟာသိပ်ပြင်းတယ်အစ်ကို
ပူလွန်းလို့ ရွှေရင်အေးလေးတစ်ခွက်သောက်ချင်မိတယ်ဪ ရွှေရင်အေးဆိုမှ အစ်ကို့ကိုပိုလွမ်းတယ်ဗျာ
ကျနော်တို့တွေ ပြောနေကြစကားလေးရှိတယ်
အစ်ကို့အပြုံးဟာ ရွှေရင်အေးလေးလိုပဲ
အေးမြပြီး ချိုတယ်ကျနော့်အတွက်တော့ အစ်ကို့ကိုချစ်ရတာဟာ
အေးချမ်းရာလေးကို ရင်မှာပိုက်ထားရသလိုပါပဲ
အစ်ကို့နဲ့ဆက်စပ်ပြီး ခင်တွယ်ခဲ့ရတဲ့ ရပ်ဝန်းလေးဟာလည်း အပေါင်းသင်းမရှိတဲ့ကျနော့်အတွက်တော့ သဲကန္တာယထဲရောက်နေတဲ့အချိန်မှာ ရေအေးအေးလေးသောက်လိုက်ရသလိုပါပဲ....အခုတော့ အစ်ကိုသိရဲ့လားဟင်
ဒီရပ်ဝန်းလေးရဲ့ပိုင်ရှင်အစ်ကိုက မပေါ်လာတဲ့အခါ ရပ်ဝန်းလေးလည်းတိတ်ဆိတ်သွားသလို ကျနော့်ကမ္ဘာဟာလည်း သဲကန္တာယထဲပြန်ရောက်သွားသလို ခြောက်ကပ်တိတ်ဆိတ်လို့ပါပဲ💔9/4/2022
YOU ARE READING
အစ်ကို့ ကိုလွမ်းတဲ့အကြောင်း
Mistério / Suspenseအစ်ကိုဟာ အနေအေးသလောက် သိပ်ရက်စက်တတ်ပါတယ် ကျနော့်ရဲ့အပြာရောင်ရပ်ဝန်းလေးဟာ အခုတော့လည်းသူစိမ်းဆန်စွာ...........