( ၁ )

880 63 16
                                    

// Unicode //
~~~~~~~~~~

အတာသင်္ကြန် အကြိုနေ့ ။

နှစ်သစ်မင်္ဂလာ အတာရေသဘင်ပွဲမှာ
ချစ်ချစ်ခင်စရာ ကြင်သူကို ကိုယ်လေလိုက်ရှာ...
ဟော တွေ့ပြီဗျာ.. ဖလားလေးနဲ့ သူရေကစားတာ
နှုတ်ခမ်းလေးနဲ့သာ မခို့တရို့နှင့် သိနှင့်တာ..

သီချင်းကို တိုးတိုးလေးလိုက်ညည်းရင်း သွေးသစ်နောင်ရဲ့အကြည့်တို့က ခပ်လှမ်းလှမ်းကမဏ္ဍပ်ဆီ ဝေ့ဝဲလို့နေသည်။ ကလေးရော လူကြီးပါ ခြေရှုပ်နေကြတဲ့ အုန်းလက်မဏ္ဍပ်လေးထဲ သူရှာနေတဲ့ တစ်စုံတစ်ယောက်ကိုတော့ဖြင့် အရိပ်ယောင်ပင်မတွေ့ရချေ။

" အလန်းလေးနော် "

သူကြည့်နေတဲ့ မဏ္ဍပ်ထဲကိုပဲလိုက်ကြည့်ပြီး ငဖြိုးကပြောသည်။ သူ့စိတ်ထဲ သွေးသစ်က ကောင်မလေးကိုငေးနေတယ်ထင်လားမသိ။ သွေးသစ်လည်း တုံ့ပြန်မနေဘဲ ဘေးနားချထားတဲ့ရေဖလားကို လက်နှစ်ဖက်နှင့်မ,ယူလိုက်၏။

" ဖလားကြီးနဲ့ လောင်းမလို့လား ၊ ဘာလဲ.. ယတြာတွေလား "

လှောင်သလို ထေ့သလို ငဖြိုးရဲ့စကားတွေကို သူအဖက်မလုပ်။ မဏ္ဍပ်အတွင်းထဲထိ ရေလိုက်လောင်းချင်မှတော့ အခုလိုညင်ညင်သာသာလောင်းသင့်တာပေါ့။ ငွေဖလားကတော့ ငဖြိုးပြောတဲ့ ယတြာပေါ့လေ။

သင်္ကြန်တွင်းမှာ သောကြာသားသမီးတွေ အချစ်ရေးအဆင်ပြေ‌ချင်ရင် ငွေဖလားနဲ့ ရေတစ်ခွက်လောင်းလိုက်ပါ တဲ့ ။

သားတော်လေးရဲ့နှလုံးသားရေးရာအတွက် နတ်သိကြားတို့လည်း ကူညီဆောင်မပေးတော်မူပါ။

လူစည်ကားနေတဲ့ အုန်းလက်မဏ္ဍပ်လေးက ခြံရှေ့မှာဖြစ်ပြီး ခြံအတွင်းဘက်မှာတော့ စတုဒီသာအတွက်ချက်ပြုတ်နေသူများနှင့် အလုပ်ရှုပ်လျက်ရှိသည်။

တွေ့ပါပြီ..။ အင်္ကျီအဝါရောင်နုနုလေးနဲ့ မီးဖိုအနားမှာ ဝိုင်းကူပေးနေတဲ့သူ။ ရေစိုသေးပုံမရရင် ပထမဆုံးရေလောင်းတဲ့သူက ကိုယ်ပဲဖြစ်နိုင်တာမဟုတ်လား။

အတွေးနဲ့တင် သွေးသစ်ရဲ့အပြုံးတွေပိုပီပြင်လာ၏။

" ဟဲ့ ဟဲ့ .. သရက်သီးဗန်းတွေ တိုက်မိကုန်တော့မယ် "

ပိတောက်တစ်ခက် ချစ်တစ်သက်တာ { Completed }Where stories live. Discover now