( ၂ )

390 59 35
                                    

// Unicode //
~~~~~~~~~~

အတာသင်္ကြန် အကျနေ့ ။

ဒီသင်္ကြန်ရက်များမှာ ရယ်စရာနဲ့ စားစရာ..
ပျော်ပျော်ပါးပါးအားပေးလိုက်ကြစို့ လာပါမိတ်ဆွေကြီး
စေတနာနဲ့ကျွေးတာ ခင်မင်ရင်တော့စားပါ
ကံထူးတဲ့တစ်ယောက်တော့ထိမဲ့ ကျီစယ်တဲ့ငရုတ်သီး !

သီချင်းလိုက်ဆိုရင်း ခုန်ပေါက်နေကြတဲ့ ကလေးငယ်တွေ။ ရေသေနတ်နဲ့ ခွက်တွေကိုယ်စီကိုင်ပြီး ပျော်ပါးနေကြသည်။

ထိုကလေးတစ်သိုက်ဟာ အနားကိုရောက်လာကြ၏။ ရေလောင်းချင်တဲ့ ချာတိတ်တွေမှီအောင် ခါးကိုင်းပေးလိုက်တော့ သကောင့်လေးများက ခေါင်းကနေစလောင်းလေသည်။

" ကိုကြီးသွေးသစ် "

" ဟေ "

" မုန့်လုံးရေပေါ် "

ကလေးပေါက်စကခွံ့ကျွေးတော့ သွေးသစ် ပါးစပ်ဟပေးကာ အရသာခံစားလိုက်၏။ စားပြီး မျက်နှာကိုရှူံ့မဲ့ရင်း..

" ကောင်းလဲမကောင်းဘူး "

" ကိုကြီးဇေယျ လုပ်ထားတာလေ "

ကိုကြီးဇေယျ... ဟင်.. အကိုပေါ့..။ အကိုရှိတယ်ပေါ့။ ညီမက သင်္ကြန်ကားနဲ့ပါသွားတော့ ညီမကိုသည်းသည်းလှုပ်တဲ့အကိုလည်း လိုက်သွားမယ်ထင်တာ။

" မဏ္ဍပ်ထဲမှာ ကိုကြီးဇေယျရှိလား "

" ရှိတယ် မုန့်လုံးရေပေါ်လုံးနေတာ.. "

ချာတိတ်ရဲ့အဖြေအဆုံးမှာ သွေးသစ် ပြုံး၏။

" ခဏနေဦး "

အိမ်ပေါ်အပြေးအလွှားတက်ပြီး ဖောင်တိန်တစ်ချောင်းရှာသည်။ ပြီးနောက် အမေခူးထားတဲ့ ပိတောက်ခက်တွေထဲက စိမ်းစိုနေတဲ့အရွက်တစ်ရွက်ကိုယူလိုက်၏။

" ချစ်တယ် အကို "

ပိတောက်ရွက်ပေါ်က စာလုံးဝိုင်းဝိုင်းတွေကိုကြည့်ပြီး သွေးသစ် အပြုံးတွေကိုမရပ်တန့်နိုင်ပေ။ အမေ့ပန်းတွေထဲက ပိတောက်ပန်းလေး ခပ်သေးသေးတစ်ခက်ကိုယူပြီး မြောက်ကြွကြွထွက်လာတဲ့သူ့ကို ချာတိတ်တစ်သိုက်က ရပ်စောင့်နေကြ၏။

" ဒါ ကိုကြီးဇေယျကိုသွားပေးပေး "

" ပစ်ပေးရမှာလား ကိုကြီး "

ပိတောက်တစ်ခက် ချစ်တစ်သက်တာ { Completed }Where stories live. Discover now