( ၃ )

352 59 15
                                    

// Unicode //
~~~~~~~~~~

အတာသင်္ကြန် အကြတ်နေ. ။

" မြို့ထဲလမ်းမပေါ် ကားရောင်စုံများစွာ.. တစ်စီးမှငါမပိုင်ပါတယ် ၊ စုံတွဲများလျှောက်ကာလည် နောက်ပြောင်ကျီစားတယ်.. အားကျပါတယ်ကွယ်.. ၊ အခုရရင်.. ခဏလေး.. နှစ်ဆန်းတစ်ရက်သင်္ကြန်လွန်ရင် ပြတ်.. အားလုံးထဲမှာ တစ်ယောက်ကမြဲလည်း.. ပြတ်တာပါပဲကွယ်... "

ငဖြိုး လျှောက်အော်နေတဲ့ ပေါက်ကရသီချင်းကို မိန်းကလေးများက ရယ်နေကြသည်။ အမိုးဖွင့်ထားတဲ့ Hijet ကားလေးပေါ် ရှိနေသူတိုင်းမှာ အပြုံးကိုယ်စီနှင့်‌ မြူးနေကြ၏။

မပျော်နိုင်သူကတော့ သွေးသစ်တစ်ယောက်သာရှိလေသည်။

မပျော်ဆို သွေးသစ်နောင်တို့ စိတ်ကူးနှင့် လက်တွေ့လွဲချော်ကာ မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေသည်လေ။ အိမ်ကစထွက်စဉ်က အကို့နားကပ်ပြီး အခွင့်ရတိုင်းချစ်စကားဆိုပြီး သင်္ကြန်ရေပက်ခံဖို့ စိတ်ကူးတွေယဉ်ခဲ့၏။ လက်တွေ့မှာတော့ ချစ်လှစွာသောအကိုဟာ သူ့အနားပင်မကပ်။ စတုဒီသာမဏ္ဍပ်တွေရောက်ရင်တော့ဖြင့် အကို့ကို အရိပ်တောင်မတွေ့ရပေ။

အခုလည်း မဏ္ဍပ်တွေ နေ့ခင်းကြောနားချိန်မို့ သူတို့ကားလေးလည်း လမ်းဘေးကပ်ကာရပ်ထားသည်။ တခြားကားများလည်း အသီးသီးရပ်ထားတာမို့ လူကများ၏။ အကို ထွက်သွားတာ နာရီဝက်လောက်ကြာနေပြီး အခုထိ ကားဆီပြန်မလာသေး။

" သွေးသစ် "

" အကို ဘယ်သွားနေတာလဲ ၊ ကျွန်တော်အကို့ကိုရှာနေတာ "

ရေချိန်ကိုက်ပြည့်နေပြီဖြစ်တဲ့အကို့ရဲ့ ခြေလှမ်းတွေက မသိမသာယိုင်နေသည်။ လက်ထဲက အမည်းရောင်အိတ်ကြီးကိုမြှောက်ပြီး ပြုံးပြတဲ့အကိုက သောက်ထားတဲ့အရှိန်နဲ့ မျက်နှာတစ်ခုလုံးလည်းစွေးစွေးနီလို့။

" ဘာတွေလဲ "

သွေးသစ် ယူကြည့်လိုက်တော့ မဖောက်ရသေးတဲ့ဘီယာဘူးတွေ။

" ဒါသွားဝယ်တာလား ၊ ကျွန်တော့်ကိုပြောလိုက်တာမဟုတ်ဘူး ၊ ကျွန်တော်ဝယ်ပေးမှာပေါ့.. "

" မင်းလည်းသောက်လေ.. မူးသွားရင်တော့ ငြိမ်ငြိမ်နေရမယ် ၊ အတူတူလာတဲ့ကလေးမတွေကို လိုက်မစရဘူး‌နော် "

ပိတောက်တစ်ခက် ချစ်တစ်သက်တာ { Completed }Where stories live. Discover now