✧༝ Let's Not Fall In Love ༝✧ 1.

1.2K 93 4
                                    





" ကျုံးဆောင်းရ! ငါ့ကို မင်း ဟိုတစ်နေ့က တီးပြတဲ့ ဂီတာလေး ထပ်တီးပြ.....
ဟာ sorry! ငါဘာမှမမြင်လိုက်ဘူးနော် "

အခန်းထဲ တံခါးမခေါက်ဘဲ ရုတ်ချည်း၀င်ချလာတဲ့ ဆောင်ဟွန်းကြောင့် ညာခြေထောက်တစ်ဖက်က ဘောင်းဘီတစ်ဖက်ကို စွပ်လျက်သားနဲ့ ဂျုံဆောင်းတစ်ယောက် ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။

" ရားးး!!! "

အိမ်ဘေးနားက သစ်ပင်ထိပ်ဖျားမှာ လာနားခိုနေတဲ့ ငှက်ကလေးတွေ အလန့်တကြား ထပျံသွားရလောက်တဲ့အထိ ပတ်ဂျုံဆောင်းရဲ့ အော်သံကြီးက လွှမ်းမိုးသွားခဲ့လျက်။

" နည်းနည်းပါးပါး တံခါးလေးဘာလေးခေါက်ပြီးမှ ၀င်လာပါလားဟ! တော်သေးတာပေါ့ အောက်က ဘောင်းဘီအတို၀တ်ထားမိလို့ ဘာမှမ၀တ်ဘဲ totally nakedဖြစ်နေရင် ဘယ်လိုလုပ်မလဲ!? "

ကြမ်းပြင်ပေါ်မှာ ပက်လက်လဲကျလျက်သားပုံစံနဲ့ ဝတ်ဖို့ကျန်နေသော ခြေထောက်တစ်ဖက်ကို ဘောင်းဘီထဲ ကြိုးစားပမ်းစားထည့်နေရင်း ပွစိပွစ်ိပြောဆို ငြီးတွားနေ၏။

" ဘာမှမဖြစ်ဘူး လုပ်မနေနဲ့ ယောကျာ်းလေး အချင်းချင်းပဲကို ဘာမှရှက်စရာမှမလိုတာ မင်းနဲ့ ငါပေါင်းလာတာပဲ ဘယ်နနှစ်ရှိနေပြီလဲ ငယ်ငယ်လေးထဲက အကုန်တွေ့ဖူးပြီးသား။ "

ကြမ်းပြင်ပေါ်မှာ ဘောင်းဘီတစ်ထည်နဲ့ ရုန်းကန်နေရသော ဂျုံဆောင်းတစ်ယောက်ကို ကူညီပေးခြင်းမရှိဘဲ ဆောင်ဟွန်းကခွကျော်လာကာ ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။

" ငယ်ငယ်တုန်းကနဲ့ အခုနဲ့ တူမလား စဉ်းစားလေ! "

ကုတင်ပေါ်မှာ လှဲအိပ်နေတဲ့ ဆောင်ဟွန်းကို ဂျုံဆောင်းက လက်သီးနဲ့ ခပ်ဖွဖွထိုးကာ နောက်လိုက်ရင်း ခေါင်းရင်းမှာ ထားထားတဲ့ ဂစ်တာဆီသို့ လက်လှမ်းယူလိုက်သည်။

အညိုနုရောင် ဂစ်တာလေးကို ဘယ်လက်နဲ့ကိုင်ကာ ညာလက်ကနေ သံစဉ်တစ်ခုကို စတင်တီးခတ်တော့ ကုတင်ပေါ်မှာလှဲနေတဲ့ ဆောင်ဟွန်းက ထလာကာ ဂျုံဆောင်းဘေးနား ဝင်ထိုင်ရင်း...

" မင်း ဟိုနေ့က တီးပြတဲ့ သီချင်းနာမည်က ဘာလဲ?
အဲ့တာလေး ပြန်တီးပြ "

Let's Not Fall In Love ✔︎Where stories live. Discover now