Sunghoon's povစာအတူတူလိုက်လုပ်တော့မယ်ဆိုပြီး စာကြည့်တိုက်ရောက်တော့ လာအိပ်နေတဲ့ ဂျုံဆောင်းကို ကြည့်ပြီး ကိုယ်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ နှုတ်ခမ်းတို့က ကော့ညွှတ်စွာ ပြုံးမိသွား၏။
ဟတတဖွင့်ထားတဲ့ ပြတင်းပေါက်ကို ဖြတ်ပြီး ၀င်ရောက်လာတဲ့ နေရောင်ခြည်နွေးနွေးလေးက ဂျုံဆောင်းရဲ့ မျက်နှာပေါ်သို့ ကျရောက်နေတယ်။
အိပ်နေတာတောင် ပြုံးတုံ့တုံ့ဖြစ်နေတဲ့ မျက်နှာဘေးလေးက အိမ်မက်ထဲမှာ ပျော်စရာကိစ္စတွေများ ရှိနေလားတောင် ထင်မှတ်ရသည်။
အမှန်အတိုင်းဆိုရရင် ဂျုံဆောင်းနဲ့ စာအတူတူလုပ်ရတာကို နှစ်သက်ခြင်းမဟုတ်။
စာလုပ်နေတဲ့အချိန် ဘေးနားလာထိုင်ပြီး တီးခတ်နေတဲ့ သူ့ရဲ့ ဂစ်တာသံလေးကို နားထောင်ချင်လို့ရယ်၊
စာအုပ်တွေရှေ့ချပြီး အိမ်မောကျနေတဲ့ သူ့ပုံစံလေးကို တိတ်တခိုး ခိုးကြည့်ချင်တာရယ်ကြောင့် အမြဲ သူ့အိမ်ကိုလာလာပြီး စာလုပ်နေခြင်းဖြစ်သည်။ဂျုံဆောင်းကတော့ ဒါတွေသိမယ်မထင်။
ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်မောကျနေလေသည်။အရွယ်နဲ့မလိုက်အောင် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ လောကဓံတွေကြောင့် သူက မရွေးချယ်ဘဲ ကျောင်းသားဆိုး၊ အများမနှစ်သက်တဲ့သူ ဖြစ်ခဲ့ရသည်။
ဂျုံဆောင်းက ဒီလိုအရာတွေနဲ့ မထိုက်တန်၊ ဘ၀တစ်လျှောက်လုံး ကောင်းကောင်းမွန်မွန်နေထိုင်သွားရဖို့သာ ထိုက်တန်၏။
အဲ့လိုဖြစ်အောင်လည်း ကျွန်တော်က ပြုပြင်ပေးမှာ။" ချီး! ငါ အိပ်ပျော်သွားတာပဲ "
ခေါင်းအုံးအိပ်ထားတဲ့ လက်မောင်းပေါ်ကို သရေတွေကျသွားတော့မှ အိပ်ပျော်ရာကနေ နိုးလာပြီး ထထိုင်သည်။
သူ့ကို ခိုးကြည့်နေတာ မမိစေရန် အကြည့်မြန်မြန်လွှဲကာ ခဲတံကောက်ကိုင်ပြီး စာအုပ်ထဲက တွေ့ရာ ပုစ္ဆာတစ်ပုဒ်ကို ကောက်ဖြေရှင်းလိုက်၏။
" ငါတော့ လုပ်ရမယ့် စာတွေပြီးပြီ ပြန်ကြစို့။ "
တကယ်တော့ ဒီနေ့အတွက် စာ ၃ပုဒ်သာ လုပ်ပြီးသည်။
အချိန်တစ်၀က်လောက်ကို အိပ်ပျော်နေတဲ့ ဂျုံဆောင်းကို ခိုးကြည့်ရင်းသာ အချိန်ကုန်ဆုံးခဲ့၏။
YOU ARE READING
Let's Not Fall In Love ✔︎
Short Story- About a soulmate who wasn't meant to be in this life - Jayhoon Short Story written in Burmese ✔︎