✧༝ Let's Not Fall In Love ༝✧ 2.

452 76 9
                                    











Jongseong's pov:





မိုးရေထဲမှာ ထီးမပါဘဲ ဟိုပြေး၊ ဒီပြေး အလုပ်ကောင်းလို့ အခုတော့ ဖျားနေပြီ။
ဟိုပြေး၊ ဒီပြေး မလုပ်လို့လည်းမရ အချိန်ပိုင်းအလုပ်၂ခုက ဆက်တိုက်ရှိနေတော့ အိမ်ပြန်ပြီး ထီးယူချိန်လည်း မရှိ။
စဖျားတာ မနေ့ကဆို‌တော့ ဒီစနေ တနင်္ဂနွေ ကျောင်းပိတ်ရက်၂ရက်အတွင်း ပြန်သက်သာလာရင် ကျောင်းတော့ မပျက်လောက်ဘူးလို့ မျှော်လင့်ရတာပါပဲ။


" အဟွတ် အဟွတ် "

အပူချိန်တိုင်းကြည့်တာ အဖျားက ၁၀၀လောက်ပဲ ရှိပေမယ့် ချောင်းဆိုးတာတော့ တော်တော်ခံရခက်သည်။
ဘယ်လိုမှ အိပ်လို့မရ။ ဆေးသောက်ထားလို့ အိပ်ချင်နေတာတောင် ချောင်းဆိုးလို့ ပြန်ပြန်နိုးလာရတယ်။
ကောင်းကောင်းမွန်မွန်နေတော့မယ်ဆိုတာတောင် ကံကြမ္မာက အခွင့်အရေးမပေးချင်ဘူးထင်ပါရဲ့။

ဒေါက် ဒေါက် ဒေါက်

ချောင်းဆိုးတာ ခဏငြိမ်သွားလို့ မှေးအိပ်မယ်ကြံတော့ တံခါးကို အဆက်မပြတ်လာခေါက်တဲ့ အသံအကျယ်ကြီးကြောင့် အိပ်တဲ့ဆီ မရောက်ပြန်။

စောင်ကို ကိုယ်ပေါ် လွှမ်းခြုံလိုက်ကာ ကုတင်ပေါ်က ကြိုးစားထပြီး တံခါးဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်။

ဘယ်သူမှ လာစရာအကြောင်းမရှိတဲ့အတွက် အိမ်ပိုင်ရှင် အန်တီကြီး အိမ်ငှားခ လာတောင်းတာလွဲရင် မဖြစ်နိုင်ဟု ထင်မိသည်။
အခုနေမကောင်းဖြစ်နေလို့ တစ်ပတ်လောက် စောင့်ပေးဖို့ အကျိုးအကြောင်း ပြောပြမယ်လို့ ကြံပြီး ဂျက်ဖြုတ်ကာ တံခါးဖွင့်ကြည့်လိုက်တော့

" ရား ပတ်ဂျုံဆောင်း! မင်း နေမကောင်းဖြစ်နေတယ်ဆိုတာကို ငါ့ကို ဘာလို့ မပြောတာလဲ!? "

‌ဒီနေ့ဟာ စနေနေ့ပေမဲ့ ကျောင်းယူနီဖောင်း၀တ်ထားတဲ့ ဆောင်ဟွန်းတစ်ယောက်ဟာ လွယ်အိတ်ကိုလည်း လွယ်ထားလျက် လက်ထဲမှာလည်း စားစရာတွေအပြည့်နဲ့ မျက်မှောင်ကြီး ကြုံ့ကာ ဒေါသတကြီး ရပ်ကြည့်နေလေလျက်။

" ဆောင်ဟွန်း မင်းက ဘယ်လိုဖြစ်ပြီး..... နေဦး!
ဆရာမပြောတော့ မင်းက တစ်ခြားကျောင်းမှာ သင်္ချာအိုလံပစ်စာမေးပွဲ သွားဖြေရမှာဆို ? "

Let's Not Fall In Love ✔︎Where stories live. Discover now