Preface (U+Z)

208 18 3
                                    


သွေးတွေနဲ့စွန်းထင်းသွားတဲ့အထိငါ့ကိုယဉ်ပါးသွားစေနိုင်မယ်မလား။ ငါသိနိုင်တယ်။
အခု ငါမင်းကို စနောက်နေမယ်၊ ပြီးရင်လည်း ငါ့ရဲ့မသေနိုင်သေးတဲ့ခန္ဓာကိုယ်နဲ့ မင်းကိုဆက်စနောက်နေဦးမှာ။
(ဖြစ်နိုင်တယ်)

မင်းကမြေခွေးတစ်‌ကောင်ဖြစ်လာပြီး၊ ငါ့ကိုစားလိမ့်မယ်။

မင်းရဲ့ ထက်မြက်ပြီးသွေးစွန်းနေတဲ့မျက်​လုံး​တွေကိုဖွင့်လိုက်​ပါ။
နှင်း​ပေါ် မှာခုန်​ပြီးရင်း ခုန်​ဆွခုန်ဆွလုပ်နေတဲ့ငါ့ကိုရှာပြီး ဖမ်းယူလိုက်ပါ။

ငါ ပြေးတယ်၊ မင်း ငါ့နောက်ကိုပြေးပြီးလိုက်ဖမ်းလာအောင် ငါပြေးတယ်။
ငါနောက်မှာ မင်းရှိနေတာ သေချာအောင် ငါလှည့်ကြည့်လိုက်တယ်။

အလင်းရဲ့အရှိန်လိုမျိုး ခုန်‌နေတယ်၊ ခုန်နေတယ်၊ ငါ့ရဲ့ နှလုံးသားက ခုန်‌ပေါက်နေတယ်။

ငါ့နားတွေကအ‌ပေါ်ကိုထောင်နေတယ်။ ငါ့ရဲ့ပြည့်နှက်နေတဲ့ပျော်ရွှင်မှုတွေကို ငါခံစားလို့ရနေတယ်။

မင်း ငါ့ကိုလိုချင်လို့
ငါ့နောက်ကနေ စိတ်ပါလက်ပါနဲ့လိုက်ဖမ်းနေခဲ့တာ၊

ငါ့နားတွေကနေတစ်ဆင့် မင်းရဲ့ခြေသံတွေ၊ မင်းရဲ့နှလုံးခုန်သံနဲ့ မင်းရဲ့မာန်ဖီနေတဲ့အသံတွေကို ကြားနေရတယ်။

ငါ့ရဲ့ခန္ဓာကိုယ်က မင်းရဲ့မြင့်တက်လာတဲ့အပူချိန်၊ မင်းရဲ့ မြင့်မားလာတဲ့ အစာစားချင်စိတ်နဲ့ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြန့်ကျဲနေတဲ့ ပုတီးစေ့အရွယ်ချွေးတွေကို ခံစားနိုင်တယ်။

ဘယ်တော့မှ အရှုံးမပေးလိုက်နဲ့။

မင်းခြေဖဝါးကအရေပြားတွေ ကွဲအက်သွားပြီး မျက်ရည်တွေကျနေရရင်တောင်၊ သစ်ကိုင်းပေါ်တက်နင်းမိသွားရင်တောင်၊
ပြန်ထပြီး ငါ့နောက်ကို ဆက်လိုက်ပါ။

ငါ့ရဲ့အသားက ဘယ်လောက်အရသာရှိနေလိုက်မလဲဆိုတာ တွေးကြည့်ပါ၊
မင်း ၃ ရက်လောက်ကြာအောင်အမဲလိုက်ခဲ့ရတဲ့သားကောင်ကိုစားရတာဘယ်လောက်တောင် ကြည်နူးစရာကောင်းမလဲဆိုတာ တွေးကြည့်ပါ။
ငါ့အသားက မင်းရဲ့အစာပဲလေ။

PsychoWhere stories live. Discover now