အခန်း ၁ : သဘောတူညီမှု
နွေလယ်ခေါင်၊ အခန်းတစ်ခုအတွင်း။
ဝှီ ဝှီ၊ ပန်ကာကအခါတိုင်းလိုပုံမှန်လည်ပတ်နေသည်။ Ye Zi လက်ပ်တော့ရှေ့မှာတင်ပျဉ်ခွေထိုင်နေပြီးဂိမ်းကစားလိုက်၊ ဖိုရမ်စာမျက်နှာတွေကိုလှန်လှောနေလိုက်ဖြင့် အဖွဲ့စကားပြောခန်းထဲ၀င်လိုက်သည်။ မထင်မှတ်ထားစွာဖြင့်သူစိတ်၀င်စားသည့်အရာတစ်ခုကိုရှာတွေ့လိုက်ရသည်။ သူ (comic) ပုံစံကောင်လေးတစ်ယောက်ပုံထား ထားသည့်လူ၏ စကားပြောခန်းစာမျက်နှာကိုဖွင့်လိုက်ပြီး ထိုလူ့ရဲ့စကားပြောမှတ်တမ်းတွေထဲမှာစတင်ရှာဖွေလိုက်သည်။
(TN/ GP chat ထဲမှာပဲ acc ရှာပြီး chat history တွေကိုရှာတာပါ)သူဒီမှာမျက်စိဖမ်းစားနိုင်သည့်စာကိုတွေ့လိုက်ရသည်။ စာလုံးတိုင်းကို အနီရောင်စကားလုံးပုံစံကိုသုံးပြုထားပြီးမျဉ်းသားကာသုံးခါထပ်ရေးထားသည်။ ချက်ချင်း Ye Zi ရဲ့မျက်လုံးတွေတောက်ပသွားသည်။
"ငါ အဲ့ဒီ အမျိုးသမီးကို သတ်ပစ်ချင်တယ်"
"ငါ အဲ့ဒီ အမျိုးသမီးကို သတ်ပစ်ချင်တယ်"
"ငါ အဲ့ဒီ အမျိုးသမီးကို သတ်ပစ်ချင်တယ်"
ကျန်တဲ့လူတွေဘာတွေပြောနေလဲဆိုတာကအရေးပါပုံမပေါ်ပေ။ "Hare" ဆိုတဲ့လူကဒီစာသုံးကြောင်းကိုပဲချန်ထားခဲ့သည်။
သူဒီလိုအရာတွေအပေါ်မှာအတွေးလွန်နေမိတာပဲဖြစ်ရမယ်။ ဆယ်ကျော်သက်ကျောင်းသူမလေးတစ်ယောက်ရဲ့စနောက်မှုတစ်ခုလည်းဖြစ်နိုင်သလို သူတို့တွေရုပ်ပြစာအုပ်ထဲက(comic) စာကြောင်းတွေကိုပြောထားတာလည်းဖြစ်နိုင်တယ်။ သူဘယ်လိုနည်းမျိုးတွေနဲ့ပဲတွေးနေပါစေ Ye Zi သူ့ကိုမရမကသူငယ်ချင်းဖြစ်ခွင့်တောင်းလိုက်ဆဲပါပဲ။
တစ်ဖက်လူကချက်ချင်းလက်ခံလိုက်သည်။ Ye Zi အဲဒီလူရဲ့အချက်အလက်ကိုကြည့်လိုက်သည်။
(TN/ GP chat အပြင်ကသီးသန့် profile ထဲ၀င်ကြည့်တာ)
သူ့ရဲ့နောက်ခံပုံကလုံး၀အနက်ရောင်ဖြစ်ပြီးတော့လက်တွေ့ကျစွာဖြင့်လုံး၀ကိုအလှဆင်ထားခြင်းမရှိပေ။ နောက်ပြီးသူ့ရဲ့နေ့စဉ်မှတ်တမ်းဆွေးနွေးချက်အခုနှစ်ဆယ်လောက်ကိုလည်းတွေ့ရသည်။ ဒါ့အပြင် ဒီလူကစာပေတွေ၊ ရာဇ၀တ်မှုတွေနဲ့ သွေးထွက်သံယိုပုံစံမျိုးတွေကိုအခြေတည်ထားတဲ့ဇာတ်ကားတွေကိုစိတ်၀င်စားပုံရသည်။ သူတင်ထားတဲ့ပုံတွေကတယ့်ကိုထိထိမိမိရှိလှသည်ပင်။ သူ့ရဲ့နောက်ဆုံးနေ့စဉ်မှတ်တမ်းဆွေးနွေးချက်ထဲမှာစာပိုဒ်ကလေးတစ်ပိုဒ်သာပါသည်။
YOU ARE READING
Psycho
Mystery / ThrillerName - 疯子 (Psycho) Author - 小妖子 (Little Devil) Total Chapters - 34 Chapters WARNING 🔥 THIS STORY CONTAINS DEPICTIONS OF MURDER, STALKING, OPENING ENDING, SMUT.