Chapter 2 အကြောက်တရား(U+Z)

53 7 0
                                    

Chapter 2 အကြောက်တရား

ငြိမ်းချမ်းသည့်ရက်သတ္တပတ်ကုန်ဆုံးသွားခဲ့သည်။ အဲ့ဒီမကောင်းတဲ့လူလည်းပျောက်ကွယ်သွားခဲ့သည်။

ယဲ့ကျီရဲ့အမေကသူ့အတွက်ဟင်းတွေလာချက်ပေးတဲ့အပြင်ပြုံးရွှင်ပြီးသူမရဲ့ဖုန်းထဲကိုထိုလူကခြိမ်းခြောက်စာတွေပို့တာရပ်သွားကြောင်းပြောလာသည်။ သူမရဲ့သူငယ်ချင်းကလည်းထိုမကောင်းတဲ့လူသူ့အလုပ်ကိုမလာတာသုံးရက်ရှိသွားပြီလို့ပြောသည်။

ဘယ်လိုပဲဖြစ်ဖြစ်သူ့အမေရဲ့ပျော်ရွှင်မှုကသူ့ကိုတစ်နာရီခွဲလောက်ပဲလွှမ်းမိုးနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့သူထိန်းမနိုင်သိမ်းမရဖြစ်အောင်ကြောက်လန့်လာသည်။ သူ့နေ့တိုင်းသတင်းစာတွေကိုဝယ်သည်။ ထိုမကောင်းတဲ့လူအသတ်ခံရတာနဲ့ပက်သက်သည့်ဆွေးနွေးချက်တွေကိုဂရုတစိုက်နဲ့ရှာဖွေစစ်ဆေးသည့်အပြင်တစ်နေ့ပြီးတစ်နေ့ ထိုအရာနဲ့ဆက်စပ်သောဘယ်အရာကိုမဆိုကိုပါစစ်ဆေးသည်။

နောက်ထပ်သုံးရက်ကုန်ဆုံးသွားခဲ့သည်။
အဲ့ဒီမကောင်တဲ့လူကဘယ်သူ့ရှေ့မှာမှပေါ်မလာသေးတဲ့အပြင်သူ့ရဲ့အခန်းကလည်းဘာမှမပြောင်းလဲဘဲရှိနေသေးသည်။

ပုံစံကြည့်ရတာ Hare အောင်မြင်သွားတဲ့ပုံပဲ။

ယဲ့ကျီ အိပ်မပျော်တဲ့ဝေဒနာကိုစတင်ခံစားလာရသည်။ သူ့ရဲ့ဖုန်းကသေးငယ်တဲ့တုန်ခါမှုလေးတောင်မှသူကိုမငြိမ်မသက်ဖြစ်‌စေသည်။ သူ Here သူ့ကိုဆက်သွယ်လာမှာလားဆိုတာကိုအချိန်တိုင်းသိချင်နေခဲ့ပြီး တစ်ခါတစ်ရံမှာသူဒါကကံကောင်းမှုလေးတစ်ခုသက်သက်ပဲလို့တောင်ထင်မိသည်။
သူနဲ့ Here အလဲအလှယ်လုပ်ခဲ့တဲ့အရာကစနောက်ခဲ့တာသာဖြစ်နိုင်ပြီး‌တော့သူ(here)ကအတည်လို့‌တောင်တွေးမှာမဟုတ်တာလည်းဖြစ်နိုင်တယ်လိုသူတွေးမိသည်။ Hare ကအဲ့ဒီမကောင်းပျောက်ကွယ်သွားတာနဲ့ပက်သက်ပြီးဘာမှကိုမလုပ်လိုက်ရတာလည်းဖြစ်နိုင်သည်။

ဒါပေမယ့်မကြာခင်မှာပဲသူ့ကိုစာတစ်စောင်ပို့လာသည်။ ထိုစာမှာစကားလုံးနှစ်လုံးသာရှိသည်။

"မင်းရဲ့အလှည့်"

ယဲ့ကျီသူ့ဖုန်းကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူ့ဦးနှောက်ထဲကနာဗ်ကြောတွေကတင်းနေအောင်ဆွဲဆန့်ခံထားပြီးသူ့နှလုံးကလည်းအချက်ပေါင်းများစွာအရိုက်ခံထားရသလိုမျိုးခံစားရ‌သည်။

You've reached the end of published parts.

⏰ Last updated: Mar 30, 2023 ⏰

Add this story to your Library to get notified about new parts!

PsychoWhere stories live. Discover now