Signal!
[Uni]
အပိုင်း၁၄[ Official Dating New]
'ဘာ......official ကြေညာတယ်!'
'အင်း...'
'ဒီလိုကိစ္စမျိုးကကျွန်တော်တို့နှစ်ယောက်ကြား အရင်ဆွေးနွေးသင့်တာလေ..အခုကကျွန်တော်ဘားမှလဲမသိလိုက်ရပါလား!'
'သိခဲ့ရင်ကော..ဘာထူးသွားမှာမို့လို့လဲ.ဟက်..'
'Jungkook! ခင်ဗျား!'
'ကိုယ့်ကိုကြီးဘဲ အပြစ်မပြောနဲ့လေ.."Stylist Kim Tae Hyung က Artist Jeon Jungkook ကိုပွေ့ပြီး ဆေးရုံကားပေါ်တင်လိုက်တယ်"ဆိုတဲ့သတင်းက..မင်းကြောင့်ဖြစ်လာတာမဟုပ်လား'
'အဲ့တာက ကျွန်တော်ပြာယာခတ်နေလို့ ဘားမှစဉ်းစားချိန်မရလိုက်တာလေ.....ဒီတိုင်းအရေးပေါ်အခြေအနေမို့ ကူညီတာပါလို့ ကြေညာလိုက်လဲရရဲ့သားနဲ့..ခင်ဗျားကိုမှသောက်ပိုလုပ်တာ...'
'အခုမကြေညာလဲ နောက်ကြေညာရမှာပဲလေ...'
'ဒါမဲ့!'
တွေဝေနေတဲ့ ထယ်ယောင်းမျက်ဝန်းတွေကို ဂျောင်ဂုသတိထားမိပါသည်။
'ဘာလို့လဲ!! ဘာလို့ကိုယ်တို့အကြောင်းကိုofficial မချပြချင်ရတာလဲ..ကိုယ်ကမင်းအတွက်အဲ့လောက်ထိအရေးမပါဘူးလား...'
'ကျွန်တော်ဆေးရုံမှာ ပြသနာမဖြစ်ချင်ဘူးJungkook! ...အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေတော်လောက်ပြီ..'
'ကိုယ်မေးတာကိုမင်းဖြေကိုဖြေရမယ်...ကိုယ့်ကိုပြော..ကိုယ်ကမင်းအတွက်silent လား?'
'Jeon Jung Kook!'
စကားသံတွေမာထန်လာပြီ။အချစ်ကြီးရင်အမြတ်ကြီးတယ်တဲ့လား။သူတို့ရဲ့အချစ်အတွက် သူတို့မှာမာနကိုယ်စီနဲ့လေ။
'ခင်ဗျားတကယ်ပဲမသိဘူးလား...ကျွန်တော်ဘာကိုပူပန်နေလဲဆိုတာကိုလေ...'
'မသိဘူး...မင်းကိုယ့်ကိုပြောပြရမယ်..'
ထယ်ယောင်းစိတ်ကိုအတတ်နိုင်ဆုံးလျှော့လိုက်သည်။နောက်ထပ်ဖြေရှင်းချက်တွေအတွက်အားယူရင်း...
'Official ကြေညာလိုက်ပြီဆိုတာနဲ့ ပြောင်းလဲသွားမယ့်အရာတွေအရမ်းများတယ်Jungkook! ပြီးတော့ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့က လူတွေနားလည်တဲ့အချစ်ရဲ့ဘောင်အပြင်ကလူတွေ...ကန့်ကွက်မှုတွေရှိနိုင်တယ်..ရွံမုန်းမှုတွေခံရနိုင်တယ်...ခင်ဗျားမကြောက်ဘူးလား...ခင်ဗျားရဲ့အနုပညာImageထိခိုက်မှာကိုလေ'