Signal!!
[Uni]
အပိုင်း၆[I need coffee ☕️]
'ကြွပါ Stylist Kim'
ထယ်ယောင်း Big Hit ရဲ့ staffတစ်ယောက် ညွှန်ပြတဲ့အတိုင်းလိုက်လာခဲ့သည်။အခုဆို ထယ်ယောင်းဟာ..Big Hit Entertainment နဲ့ 8လစာချုပ်ချုပ်ပြီးပြီဖြစ်တာကြောင့် Big Hit ရဲ့တရားဝင်ဝန်ထမ်းတစ်ယောက်ဖြစ်နေပြီ။အခုချိန်မှာ ထယ်ယောင်း Focus ထားသည်က 8 လအတွင်း အလုပ်ကိုကြိုးစားလုပ်ဖို့နဲ့ အတွေ့အကြုံအသစ်တွေကိုလေ့လာဖို့သာ။
'ဒါက Stylist Kim အလုပ်လုပ်ရမယ့်အခန်းပါ..'
ကွန်ဒိုတိုက်ခန်းနှစ်ခုစာလောက်ကျယ်ဝန်းတဲ့အခန်းတစ်ခုထဲရောက်နေတာဖြစ်သည်။အခန်းထဲတွင် ထောင်ချီနေသော တန်ဖိုးကြီးအဝတ်အစားတွေရှိနေပြီး.. အဆင်တန်ဆာ.. နာရီ..ဖိနပ်..underwear အထိ ပြီးပြည့်စုံအောင်ရှိနေသည်။
'ဒါက တကယ်ပြည့်စုံတဲ့အခန်းမျိုးပဲ..'
'ဒီတိုက်တစ်ခုလုံးမှာ..ဒီလိုအခန်းမျိုး ဒီတစ်ခန်းပဲရှိတယ်..'
'ကျွန်တော်ယုံတယ်..'
'ကျွန်မက Big Hit ရဲ့ လက်ထောက်မန်နေဂျာဂင်ယူဂျင်းပါ...ယူဂျင်းလို့ခေါ်လို့ရပါတယ်..Kimလိုအပ်တာတစ်ခုခုရှိရင် ကျွန်မကိုပြောလို့ရပါတယ်နော်..'
'ဟုပ်ကဲ့..ကျွန်တော်သေချာစစ်ဆေးပြီး..လိုအပ်တာရှိရင်ပြောပါ့မယ်...'
ထယ်ယောင်းအခန်းကို တစ်ချက်ဝှေ့ဝှက်ကြည့်လိုက်သည်။
'ကျွန်တော်ကဒီအခန်းမှာ..ဘယ်သူ့အတွက်အလုပ်လုပ်ပေးရမလဲသိလို့ရမလား..'
ယူဂျင်းက ခပ်ပြုံးပြုံးမျက်နှာထားဖြင့်ပြောသည်။
'Bit Hit ရဲ့ Main Artist ဖြစ်တဲ့ Jeon Jungkookရဲ့ Stylist အဖြစ်တာဝန်ယူပေးရမှာပါ'
'ဗျာ'
ထယ်ယောင်းမျက်ခုံးတွေပင့်သက်သွားတဲ့အထိအံ့အားသင့်မိသည်။ရှောင်ဖယ်ဖို့ကြိုးစားနေခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်က ကိုယ့်ဆီကိုတည့်တည့်ကြီးလာနေသလိုပါပဲ။
'ဟို..Stylist Kim က Jeon Jungkookရဲ့ Fanboy လားဟင်...အရမ်းစိတ်လှုပ်ရှားနေပုံပေါ်လို့ပါ....'
'လူအကဲခတ်အရမ်းညံ့တာပဲ ယူဂျင်းshii'
'ရှင်!'