Signal!!
[Uni]
အပိုင်း၁[အပိုင်း၁ဇာတ်သိမ်းပိုင်း]
မိုးသားကောင်းကင်က အညိုရောင်တစ်လှည့်..ကြည်ပြာရောင်တစ်လှည့်အဆင့်ဆင့်ပြောင်းလဲနေသည်။တိမ်လိပ်တို့က စိမ်ပြေးတမ်းကစားနေသည်အလား..ဟိုတစ်ကွက် ဒီတစ်ကွက် လွှင့်မျှောလျက် ရွှေ့လျားနေသည်။အတည်တကျမရှိတဲ့ရာသီဥတုက နေသာမည် မိုးရွာမည်ဟုခန့်မှန်း၍မရအောင် ကျီစယ်နေဟန်။
'ရေးးးးးးးးးးးးးးးးးးးးးးးးးးးးး'
Seoul အနုပညာကျောင်းဆီမှ နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများ၏ပျော်ရွှင်မြူးတူးသံများဖြစ်သည်။သူတို့ဟာ သူတို့၏ အနက်ရောင် ဘွဲ့ခေါင်းဆောင်းများကို ကောင်းကင်ထက် ကိုင်မြောက်လိုက်ကြပြီး လှပစွာပြုံးရယ်နေကြသည်။
အနုပညာကျောင်းသားများဖြစ်သည့်တိုင် ယောကျာ်းမိန်းမ မရွေး အနုအရွှ အလှပကေးတွေသာဖြစ်ကြသည်။ ဘဝရဲ့ သက်ပြင်းချသံတွေကိုတောင် သီချင်းသံဇဉ်အဖြစ် ပြောင်းလဲပြစ်နိုင်ကြတဲ့ အနုပညာသမားတွေက ပါရမီရှင်လေးတွေပဲမဟုပ်ပါလား။
ဘွဲ့ဝတ်စုံကိုဝတ်ထားရတဲ့အခိုက်အတန့်က မည်သည့်ကျောင်းသားအတွက်မဆို ဂုဏ်ယူရပြီး ပိတိဖြစ်ရတဲ့အခိုက်အတန့်ချည်းသာဖြစ်ပါလိိမ့်မည်။မိဘများ၏ပိတိိစကားသံတွေနဲ့ သားသမီးများအပေါ်ချီးကျူးဂုဏ်ပြုသံများကလဲ ကျောင်းဝန်းအတွင်း အနွေးဓာတ်ဆောင်လျက်။
တစ်ချို့ကျောင်းသားတွေမှာတော့ ခွဲခွါရမည့်နယ်ဝေးသူငယ်ချင်းအတွက် နှုတ်ဆက်မျက်ရည်ကျနေကြသည်ဖြစ်သလို..တစ်ချို့မှာချစ်ရသူ ၏လက်ကိုဆွဲ၍ အမှတ်တရဓာတ်ပုံရိုက်နေသူများလည်းရှိသည်။
မေဂျာအသီးသီးမှကွဲပြားတဲ့သင်ခန်းစာတွေကိုသင်ယူနေကြပြီး ဝါဒနာနဲ့ပညာရပ်တွေမတူညီကြသော်ညားလဲ အနုပညာခေါင်းစဉ်တစ်ခုထဲအောက်မှာ လျှောက်လမ်းနေကြသူချင်း အတူတူပဲမို့ မိသားစုဝင်တွေလို တစ်ဦးနှင့်တစ်ဦးနွေးထွေးလျက်ရှိကြသည်ပင်။
ကျောင်းပြီးလို့ တစ်ယောက်တစ်နေရာစီ အလုပ်တာဝန်ထမ်းဆောင်ကြသည့်အခါ...အရင်လိုမတွေ့ဖြစ်ကြတော့မည်ကိုပူပန်ရသည်ကြောင့်..တစ်ချို့သော ယောကျ်ားလေးတွေက ကြိတ်ချစ်ရသူ အမျိုးသားအမျိုးသမီးတို့ထံ ချစ်ကြောင်းဝန်ခံနေကြပုံမှာလည်း ကျောင်းသားချစ်ပုံပြင်တစ်ပုဒ်လို။ အလုံးစုံလို့မပြောနိုင်ပေမယ့် အားလုံးနီးပါးလူတိုင်းကတော့ ကိုယ်ပိုင်အကြောင်းပြချက်အမျိုးမျိုးတို့ဖြင့်ပျော်ရွှင်နေကြသည်။