မြောက်များလှစွာသော မြေအောက် ကလပ်များကြားတွင် နာမည်ရ နာမည်ကြီးဆုံး ကလပ်မှာ 13A9 Clubပင်။
အပေါ်ယံသာမန်ကလပ်ဟု ထင်ရပါသော တကယ်တန်းတွင် အမှောင်ထုတို့ကြီးစိုးရာသော နေရာဖြစ်သည်။အထူးသဖြင့် BDSMerများ အတွက် သုခဘုံ မြေအောက် ကမ္ဘာငယ်ဖြစ်သည်။
Staff များသည် တရား၀င်သည့် အလုပ်များ လုပ်ကြသလို တရားမ၀င်သည့်အလုပ်များလဲ လုပ်ကြသည်။
ထိုအပြင် နောက်ကွယ်ကြိုးကိုင် ပိုင်ဆိုင်သူကို မသိရပဲ ရှယ်ယာရှင်နှစ်ယောက်ရှိသည်သာ သိရပြီး အလွန်တရာ လျို့ဝှက်ချက်ပြည့်လှသည့် ကလပ်ပင်။
Staffတစ်ယောက်ချင်းဆီတွင်လဲ ထူဆန်းသည့် ဝါသနာနှင့် ထူးဆန်းသည့်အပြုအမူ အချို့လဲ ရှိသေးသည်။
Rain (Redline Staff)
BarMan တစ်ယောက်ဖြစ်တဲ့ ရိန်းဖို့ ကလပ်မှာ အလုပ်ရှုပ်ဆုံးလူလိုဖြစ်နေသည်။ အမြဲမပြတ်လာသော ဧည့်သည်များကြောင့် လက်အားသည်ကိုပင်မရှိ။
"Rainbow ice cocktailတစ်ခွက်"
"ရှန်ပိန်"
အမျိုးစားစုံလှသည့် အရက်အမျိုးအမည်များစွာကြား မပြတ်မလပ် လက်ကို အလုပ်ပေးနေရသည်။
"ဝီစကီ တစ်ခွက်ပေးကောင်လေး"
ရိန်း သင့်တင့်သော အပြုံးလေးဖြင့်ပြုံးပြလိုက်ကာ
"ကောင်းပါပြီး ဧည့်သည်လူကြီးမင်း"
ထိုသူအတွက် ဝီစကီတစ်ခွက်ချပေးလိုက်သည်။ ထိုသူက သူလက်ကို ငြင်သာစွာ ပွတ်သပ်ကိုင်လာသည်။
ရိန်းနေရခက်သောလည်း အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
အလုပ်အခြေအနေ ရိပ်ကဲခတ်ကြည့်လိုက်ပြီး လူအလစ်ဆေးလိပ်ထွက်သောက်ချင်တာကြောင့်"Dia-chan"
"Haiအကိုရိန်း"
"ဘားကောင်တာကို Reoမလာခင်အထိကြည့်ထားပေးဦး။ ကိုယ်ဆေးလိပ်ထွက်သောက်ချင်လို့"
"Hai hai"
Diaတစ်ယောက် ခေါင်းငြိမ့်ပြလိုက်ကာ ကောင်တာ ဘက် ၀င်ယူလိုက်သည် ။
ရိန်းနာရီတစ်ချက်ငုံ့ကြည့်တော့ တာ၀န်ချိန်ပြီးရန်မှာ၁၅ မိနစ်သာလိုတော့ချေသည်။