13A9 club(3)

1.8K 48 7
                                    

Rain off day

------------------------------------------------------------

ဒီနေ့သည် မိမိ အလုပ်ပိတ်ရက်ဖြစ်ချေသည်။ဘာမှသိပ်လုပ်စရာမရှိသောကြောင့် အဆောင် အခန်းထဲနေရန်သာ စိတ်ပိုင်းဖြတ်ထားတော့သည်။

ရုတ်တရက်၀င်လာသော ဖုန်း callတစ်ခုကြောင့် အနည်းငယ် မျက်မှောင်ကြုတ်မိသောလဲ ဖုန်းကိုင်လိုက်သည်အခါ ကွေးညွတ်တက်ပြုံးမိသွားသည်။

"ကျေးဇူး Vardy ။ကျွန်‌တော်လိုချင်တဲ့ အချက် အလက်အပြည့်အစုံပဲ "

"မောင် ကိုယ်ကို ဆုမချချင်ဘူးလား"

"ဘာဆုလဲ။ တုတ်ဆုလား Vardy?"

"မောင်ကတော့ကွာ"

"တစ်ရက် Clubလာခဲ့လေ ကျွန်တော် မုန့်
ကျွေးမှာပေါ့"

"Clubလာပြီး မုန့်စားရအောင် ကိုယ်ကို ဘာထင်နေတာလဲမောင်?"

"ဘာမှမထင်ပါဘူး ။ကဲ ကျွန်တော်နားရက်မို့ နားတော့မယ်။ အကယ်၍ တစ်ခုခုဆို စာပို့ထား Vardy"

"ကောင်းပြီး မောင်။ ကောင်းကောင်းနားပါ"

"အင်း"

ရိန်းတစ်ယောက် Vardyရဲ့ ဖုန်းကို ချလိုက်တော့သည်။ ထိုနောက်သူကို မောင် ခေါ်တတ်သည့် Vardyအကြောင်းသည်
ခေါင်းထဲသို့ တန်းစီ၀င်ရောက်လာသည်။

သူနဲ့ Vardy စတွေ့ချိန်က သူ့အသက်(၁၃)နှစ်အရွယ် အိမ်ပြေးတစ်ယောက်အဖြစ် ဘ၀စတင်သည့် နေ့ရက်များတွင် လူဆိုးတွေ ပေါလှသည့် လူမိုက်ရပ်ကွက်တစ်ခုအတွင်းသို့ ရောက်လာခဲ့သည်။

ခပ်ဂျစ်ဂျစ် ခပ်ညစ်ညစ် လူတွေကြားထဲမှာ တမူထူးလွန်းသည့် Vardyက သူထက် အသက် နှစ်နှစ်ကြီးသည်။

လူမိုက်လောက ကို ယောင်လည်လည်ရောက်လာသည့်သူကို ကာကွယ်ပေးခဲ့သူသည်လဲ Vardyပင်။

"မောင် ကို ကိုယ်က ကာကွယ်ပေးမှာ"

အသက်(၁၅)နှစ်အရွယ်ကောင်လေးတစ်ယောက်ဆီက ကြားရသည့်စကားသည် အနည်းငယ်ထူးဆန်နိုင်သောလဲ တကယ်ပင် Vardyက သူကို ကာကွယ်ပေးခဲ့သည်။

ထိုနောက် သူတို့နှစ်ယောက် ကာစီနိုရုံတစ်ခုမှာတရားမ၀င် အလုပ်ခိုးလုပ်ကြသလို၊
Vardy နဲ့အတူ တက်တူး ထိုးသည့် အလုပ် အပြင် အခြားသော အလုပ်ကို လုပ်ကိုင်ကြသေးသည်။

13A9 ClubWhere stories live. Discover now