With My Friend Choi ထဲမှာ huening ရဲ့ဇာတ်ကောင်ကို မသိကြမှာစိုးလို့။ မှုခင်းအကြောင်းနဲ့ပတ်သက်ပြီး တော်တော်သိနေတော့လေ။
hueningက soobinလိုဘဲချမ်းသာတဲ့ မိသားစုကသားတစ်ယောက်။
သူကMOA ကျောင်းရဲ့ အထက်တန်းနောက်ဆုံးနှစ်စီနီယာတန်းကလည်းဖြစ်သလို တဖက်ကနေကြည့်ရင်လည်း Seoulမြို့၊ အမှတ်(6)ရဲစခန်းက မှုခင်းလက်ထောက်လည်းဖြစ်နေပြန်ရော။
Hueningရဲ့ အဖိုးနဲ့ soobinအဖေနဲ့က ဆရာတပည့်တွေဆိုတော့ hueningပူဆာလို့ soobinအဖေက သူ့ကို မှုခင်းလက်ထောက်အနေနဲ့ တာဝန်ပေးထားတာပါနော်။ ဒါကြောင့် အမှုအခင်းရေးရာတွေကိူ ချက်ကျလက်ကျပြောနိုင်တာပါ။နောက်တစ်ခုက hueningရဲ့ ကြိုက်တဲ့လူရှိတယ်ဆိုတာကလည်း beomgyuပါ။
သူကbeomgyuသဘောထားကိုမသိသေးလို့ ဖွင့်မပြောခဲ့တာ။
သဘောထားကိုသိရအောင်လို့ သူနာမည်မဖော်ဘဲနဲ့ မေးခွန်းမေးပြီး ချစ်ရတဲ့သူအကြောင်းဖွင့်ပြောခဲ့တာ။
နောက်ဆုံးမှာ beomgyuနဲ့ taehyunအကြောင်းသိသွားတော့ သူလက်လွှတ်ပေးခဲ့တယ်။ သူငယ်ချင်းအချင်းချင်း ပြိုင်လုနေရလောက်အောင် ပစ္စည်းမဟုတ်တဲ့အတွက် အလေးသာတဲ့ဘက်ကို သူအလျော့ပေးခဲ့တာပါ။ cafeမှာ taehyunကbeomgyuကိုဖွင့်ပြောတုန်းက ဘေးနားက သူရဲ့ ရင်ဘတ်နဲ့ နှလုံးသားထဲက အောင့်လာသလိုနဲ့ နာကျင်လာတယ်။ ထွက်လာခဲ့ဖို့လုပ်ပေမဲ့ beomgyuကအရင်ရှက်ပြီး ထွက်လာခဲ့တာကြောင့် ရီမောပြောဆိုပြီးသာ ဟန်ဆောင်ထားခဲ့တယ်။
နောက်ဆုံးထိဖွင့်မပြောခဲ့ဘဲ ချစ်ခြင်းတွေကို ပျော်ရွှင်မှုတွေနဲ့ဖုံးအုပ်ထားလိုက်တယ်။
ပုံရိပ်လေးပျော်ပါစေသောအတွေးဖြင့်.....။