Unicode
စိတ်ကူးနဲ့လက်တွေ့ကထပ်တူမကျဘူး ဆိုတဲ့စကားက တစ်ခါတစ်လေမှာ မှားတတ်ပါတယ်
ဥပမာ ခုလိုအခြေအနေမျိုးပေါ့ စိတ်ကူးထဲကထက်တောင်ပိုပြီး...............ရယ်..စ..ရာ...ကောင်း..တယ်ချစ်စရာ အပြာရောင် စကူတာလေးပေါ်တွင်--------
ကာတွန်းရုပ်များပါသောဘောင်းဘီရှည်နဲ့ခေါင်းပေါ်မှာလေရဟတ်လေးပါသော Doreamon ပါတဲ့T- shirtကိုဝတ်ဆင်ထားတာကို ဂျင်းဝတ်စုံဆိုင်ကယ်အကြီးကြီးများနဲ့လမ်းသရဲဘဲကြီးလိုstyleဂိုက်အပြည့်နဲ့ အဲ့လိုပဲမိမိကိုယ်ကိုထင်မှတ်နေသော ကျားကျားယားယားမိန်းမသားမောင်းတဲ့ဆိုင်ကယ်အား အနောက်ကစကူတာ ဖင်ထိုင်ခုံမှသံကိုင်းလေးအားကိုင်ကာ ကလန်ကလားအရပ်ကြီးနဲ့ ဂျင်းဘောင်းဘီရှည်နဲ့shirtအပြာနုရောင်လွင်လွင်လေးနှင့်သန့်ခန့်ချောမောသော ကောင်ချောလေးမှာအပြုုံးများသေဆုံးလျက် ပိုင်ဆိုင်သမျှရေထဲမြှပ်သွားသောသင်္ဘောဆယ်ဆင်းပိုင်ရှင်ကဲ့သို့ စိတ်ပျက်လက်ပျက်ဂျုံးဂျုံးကျနေသောကောင်လေးမှာ တလွင့်လွင့်လိုက်ပါစီးနင်းနေတဲ့ ပုံက ဘားအံတက္ကသိုလ်အဓိပတိလမ်းမကြီးထက်မမှလမ်းသွားလမ်းလာများအပါအဝင် ကလေးသူငယ် လူငယ်လူရွယ်အပေါင်းတို့က အထူးတဆန်းသဖွယ်လည်ပြန်ကြည့်သွားကြလေ၏။
ကောင်လေး၏ မျက်နှာပေါ်မှာတော့'ငါဆိုတာကိုယ်ပျောက်လူသားတစ်ယောက်ပဲဘယ်သူမှမမြင်ဘူး 'ဆိုပြီးအားတင်းထားတဲ့စကားလုံးများကအထင်းသား ကောင်မလေးကတော့ 'ဒီနေ့ငါအရင်နေ့တွေထက်ပိုမိမိုက်နေတယ် 'ဆိုသောစကားလုံးများကိုအထင်းသားမြင်ရပေသည်။
"ရောက်ပြီ "
ဆိုင်ကယ်မောင်းနေသောအမကြီးရဲ့ ရောက်ပြီဆိုသောစကားကကောင်လေးရဲ့နားထဲမှာတော့
'ဒီငရဲကကျွတ်ပြီလွတ်ပြီ'ဟုဆိုသည့်အလား။
သေပန်းများပွင့်ချင်ချင်ဖြစ်နေသောကောင်လေး၏ မျက်နှာမှာခုမှပဲ နေရောင်ကိုမျှော်နေတဲ့နေကြာပန်းလေးအလားငွားငွားစွင့်စွင့်ပွင့်လန်းသွားရှာ၏။ကောင်မလေးကတော့ 'သူတကယ်ကိုငါ့ဆိုင်ကယ်နောက်လိုက်စီးရတာပျော်နေတာပဲ'ဟုသတ်မှတ်လိုက်၏။
YOU ARE READING
You Are The Trouble I'm In
RomanceUnicode philophobia ဆိုတဲ့ချစ်ရမှာကြောက်တဲ့စိတ် ဝေဒနါခံစားနေရတဲ့ကောင်မလေးကို မှချစ်မြတ်နိုးမိတဲ့ကောင်လေး "ချစ်ခြင်းဆိုတာရယူပိုင်ဆိုင်ခြင်းမဟုတ်ပေမဲ့အစ်မကိုတော့ပိုင်ဆိုင်ချင်ရလောက်အောင်မြတ်နိုးမိတယ်" ကောင်လေး: ကျွန်တော့်ရဲ့အရာအားလုံးဟာအစ်မပါပဲချစ်...