Part - 5

835 38 11
                                    

Zawgyi ❣❣❣

ဒီတစ်ခါတော့ သမ္မတကြီးပါ မေ့လဲသွားပြီ။
အိမ်တော်ထိန်းနဲ့ ဦးလေးအဲနန်က ဝိုင်းတွဲပြီး အိမ်ထဲကို ခေါ်သွားရတယ်။

'' သား...သားငယ် ဟင်းးးး သားကြီး ခေါ်ခဲ့လိုက်တော့ ဝမ်ပါး သွားမယ် ''

ပါးကတော့ မားဆွဲခေါ်သွားတာတောင် ကြောင်အနေတုန်းဘဲ။ ဟောက်ရွမ်းကတော့ အဝကိုကြည့်နေတယ်။

'' မင်းလည်း ဝင်တော့ မကြည့်နဲ့ ''

'' ဟွန့် ကောကလည်း ''

နှာမှုတ်ပြီး ထွက်သွားတယ်။
leo တွေးမိလိုက်တာက ငါ့လောက်မဆိုးသေးဘူးဘဲ။
ဖုန်းကို အသာထုတ်ပြီး ဓာတ်ပုံ ရိုက်လိုက်တယ်။
မများပါဘူး ငါးပုံလောက်ဘဲ။

'' ငယ်လေး ငယ်လေး ငယ်လေးရေ '' 

'' အင်းးးး ''

''  ထတော့ငယ်လေး ''

''  ထချင်သေးဘူး ကိုကြီးရာ အေးလိုက်တာ စောင်ခြုံပေးဦး ''

''  ငယ်လေး မင်းဟာမထုတ်ရသေးဘူးမလား ထုတ်လိုက်တော့ အပေါ်က နာနေလိမ့်မယ် ပြီးတော့ ''

Leo သူ့ခေါင်းပေါ်မှာ ဆံပင်သုတ်ဖို့ တင်ထားတဲ့ သပတ်အနေတော်ကို ကားပေါ်တင်ခဲ့ပြီး။

'' သူကို သေချာပတ်ပေးပြီးခေါ်လာခဲ့ သပတ်ကနည်းနည်းကြီးတယ် အဆင်ပြေမှာပါ ''

'' ဘာပြောနေတာလဲ ကိုကြီး ''

Leo ပြောပြီး တံခါးပြန်ပိတ်ပေးကာ ထွက်လာခဲ့တယ်။ သူရှိနေတဲ့အချိန် အပေါ်ကကောင်လေး နိုးလာရင် အဆင်ပြေမှာမဟုတ်ဘူး။

ရိပေါ် အိပ်ရတာ အဆင်မပြေလို့ နိုးလာတဲ့အချိန် ကိုကြီးရဲ့ အသံကြားလိုက်တယ်။
ဘာပြောနေတာလည်းမသိဘူး။
ပြီးတော့ သူ့အပေါ်မှာလည်း လေးနေတယ်။
ဘာလို့လည်းမသိ သူအရမ်းပင်ပန်းနေတယ်လို့ ခံစားရတယ်။
သူ့တစ်နေရာက နွေးနေတာကြောင့် ​မှေးကနဲ ပြန်အိပ်ပျော်သွားတယ်။

'' အ့ နာ..နာ တယ် ''

ရှောင်ကျန့် လူတွေရောက်လာတာလည်းသိတယ်။
လူတစ်ယောက်က စကားပြောသွားတာလည်းသိတယ်။
ရှက်လို့အိပ်ချင်ယောင် ဆောင်နေတာ။
ရိပေါ်လှုပ်လိုက်တော့ အောက်က ဆစ်ကနဲ နာသွားလို့ အသံထွက်မိသွားတယ်။
ရိပေါ်ကို ကြည့်လိုက်တော့ ပြန်အိပ်ပျော်နေပြီ။

Daddy, Ge Ge, Husband (ခတ်ေတခန ရပျနား)Onde histórias criam vida. Descubra agora