Zawgyi ❣❣❣
Leo စာကြည့်စားပွဲကနေ သူ့အတွင်းရေးမှုး ပို့ပေးတဲ့စာတမ်းတွေ၊ နိုင်ငံရေးအကြောင်းတွေ ဖတ်ရင်းနဲ့ sean ကိုကြည့်နေမိတယ်။ အခုတစ်လလုံးလုံး သူနဲ့ sean နဲ့က၊ တစ်ယောက်နဲ့ တစ်ယောက်ပိုပြီး ပွင့်လင်းလာပြီ။ အခေါ်အဝေါ်တွေလည်း Daddy နဲ့ကလေးကလွဲ အခြားဘာမှမသုံးတော့ဘူး။
အခု သူ့အက်ျီရှပ်အကြီးကြီးကိုဘဲဝတ်ပြီး ကြောင်မှီးလေးနဲ့ ကလေးက သူဖတ်ချင်တဲ့ စာအုပ်တွေကို ရှာနေတယ်။ ခေါင်းမှာလည်း ကြောင်နားရွက်ဘီကုတ်လေးနဲ့ လှနေတာပေါ့။
'' daddy သရေတွေကို သုတ်ဦး ''
'' အမ် အေးအေး ''
'' ကလေးကိုဘဲ ငမ်းမနေနဲ့ တစ်လလုံးလုံး စားထားတာမဝသေးဘူးလား အခုအလုပ်ကို သေချာလုပ် ''
'' ကလေးက Daddy ကို မြူစွယ်နေတာကို ''
'' Daddy သဘောတူညီမှုယူထားတယ်မလား။ ကလေးက ကြောင်မှီးကိုတပ်ထားရင် အလုပ်ကိုသေချာလုပ်မယ်။ ဒီနေ့နားပေးမယ်ဆို ''
'' daddy ပြောမိလားကလေး ''
'' daddy! !!!!!!!!! ''
Leoကိုအော်ပြီး ထွက်သွားတဲ့ ကလေးကြောင့် ရီလိုက်မိတယ်။ ကလေးနဲ့မှဘဲ သူ့မှာ နှာဘူးလုံးလုံးကိုဖြစ်လို့။
ပြည်သူတွေက သူ့ကိုဘဲ ရွေးချယ်ထားတယ်။ ကြည့်ရတာ ကလေးရဲ့ အရည်အချင်းတွေကို အန်ကယ်လေးက ထုတ်ပြလိုက်ပြီ ထင်တယ်။
သံတမန်ရေးရာဝန်ကြီးရဲ့ ဇနီးအကြောင်းဆိုပြီး အင်တာနက်တွေမှာ တက်လာတာဘဲ။
ကလေးက ဘာသာစကားမျိုးစုံ တက်နေတဲ့ အကြောင်းနဲ့ အခြားခြားသောအကြောင်းတွေကို အန်ကယ်လေးကပြောပြထားတယ်။အလုပ်ကို သေချာလုပ်ရမယ်။ တော်ကြာ သမ္မတလောင်းက သူ့ဇနီးကိုဘဲဘူးနေတယ်ဆိုရင် မကောင်းဘူး။ ထိုစဉ် ဝေ့ရင်းဆီက ဖုန်းဝင်လာတယ်။
'' ဟယ်လို အငယ်ဆုံးလေး ပြောလေ ''
'' ကိုကြီး ကိုကိုဖုန်းဆက်လား ''
'' အမ် လန်အာလား။ မဆက်ဘူး။ သူဂျပန်သွားရမယ်လို့တော့ပြောတယ် ''
'' ဟုတ်လား......... ဒါဆို ပြီးရင် ကိုကို.ကို ဝေ့ရင်းကို ဖုန်းပြန်ဆက်ပေးဦးလို့ ပြောပေးပါဦး ''
VOUS LISEZ
Daddy, Ge Ge, Husband (ခတ်ေတခန ရပျနား)