Peeling the scabs - (1)

27 6 0
                                    

မာနတွေအားလုံးချနင်းပြီး လူတစ်ယောက်ကို ကိုယ့်ရဲ့ကမ္ဘာကြီးလို တမြတ်တနိုးချစ်ခဲ့ဖူးတာ ငါမဟုတ်တော့သလိုပဲ။

နင့်ကြောင့် ငါလူတွေကို မယုံကြည်ရဲတော့ဘူးဆို အပိုလို့ ထင်မလား။

တကယ်တော့ ဒီဇာတ်မှာ နင့်ကိုဗီလိန်လုပ်ခိုင်းခဲ့ပေမယ့် နင့်ဘက်က ယုတ်မာခဲ့တာ တစ်ခုလေးမှမရှိခဲ့ပါဘူး။

မပြတ်နိုင်တဲ့ ငါ့မှာ နင့်ကိုပြန်လှည့်မကြည့်မိတော့အောင် ဗီလိန်လုပ်ခိုင်းလိုက်ရတာ။

ဒါဆို ဒီဇာတ်လမ်းမှာ ဘယ်သူက တကယ့်ဗီလိန်ဖြစ်မလဲ။

နင်လား၊ ငါလား။

ဒါမှမဟုတ် မတူညီတဲ့ဘာသာတရားနှစ်ခုကို ခုတုံးလုပ်ပြီး ငါတို့ကိုခွဲခဲ့တဲ့လူကြီးတွေလား။

စဉ်းစားကြည့်လို့မရဘူးဟာ။

သေချာတာတော့ ခြောက်နှစ်တာလုံး ငါ့အနားတစ်သက်လုံးအတူနေချင်ပါတယ် တဖွဖွ ပြောပြီးမှ သူရဲဘောကြောင်သွားတဲ့ နင် မှားတယ်။

မဖြစ်နိုင်တဲ့ နင်နဲ့ငါအနာဂတ်ကြီးထဲ ကလေးပိစိတွေထိပါ ထည့်တွေးထားမိတဲ့ ငါ မှားတယ်။

ပါးစပ်ကဘုရားဘုရား လက်ကကားယားကားယား အမျိုးဘာသာသာသနာဆိုတာကို ပါးစပ်ကမချတဲ့ လူကြီးတွေ မှားတယ်။

အားလုံးမှာ အမှားကိုယ်စီနဲ့ပဲ။

အချိန်တွေ ကုန်လွန်လာခဲ့တာ။

ငါနင့်ကို သတိရနေသေးလားဆိုရင် အေပရယ်က ဥပုပ်လမို့ အစာမခံနိုင်တဲ့နင် အဆင်မှပြေရဲ့လား ရံဖန်ရံခါ တွေးမိရုံလောက်ပဲ။

သူငယ်ချင်းတွေ၊ အသိတွေနဲ့ ဟာလာဆိုင်ထိုင်ဖြစ်တိုင်း နင့်အကြောင်းနည်းနည်းလေး စဉ်းစားဖြစ်ရုံပဲ။

ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေ ကြုံတိုင်း မပြောစလောက်လေး သတိရရုံပါပဲ။

ဟက်.. စောက်မှတ်မရှိလိုက်တဲ့ ငါလေ။

ဘုရားရှင်ခိုးတိုင်း အမြဲဆုတောင်းတယ်။

နင့်ကို မုန်းပစ်လိုက်နိုင်ဖို့ရယ်..

ချစ်ခြင်းတွေ ဝေးကွာစေတဲ့ အကြောင်းအရင်းက ဘာသာတရားမဖြစ်နေစေဖို့ရယ်ပေါ့။

Unpoetic PoemsDonde viven las historias. Descúbrelo ahora