(Unicode)
တစ်ညတွင် ထန်ရှောင်နျန်က remote ကိုကိုင်ကာ TV ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် Life Channel အားပြောင်းလိုက်လေသည်။ ထို Channel၌ လူမှုအသိုင်းအဝိုင်း ခွဲခြားစီစစ်လျှက်ရှိသော စိတ်ပညာအထူးပြုလူတစ်ဦးက ပြောနေသည်အချိန်နဲ့ကြုံရသည်။ထိုလူသည် မိဘအစုံလင်မဟုတ်ဘဲ single Father ဒါမှမဟုတ် single Mother တို့နဲ့သာကြီးပြင်းလာသော ကလေးအများစုက တစ်ကိုယ်တည်းသာနေတက်ပြီး မိမိကိုယ်မိမိ တန်ဖိုးထားမှုလည်း အလွန်နည်းပါးသည်။ ဒါ့အပြင် အရွယ်ရောက်လာတဲ့အချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းရှိလာနိုင်သည်ဟုဆိုသည်။ ပထမတွင် ထန်ရှောင်နျန်သည် ထိုအကြောင်းရာကိုမေ့မေ့ပျောက်ပျောက်ပင်ထားလိုက်သော်လည်း နောက်ပိုင်းအချိန်များမှာတော့ ထန်ကျွင့်ဟယ်အား မသိမသာဖြင့်လေ့လာကြည့်မိသည်။
သူမသည်ထန်ကျွင့်ဟယ်အား လေ့လာကြည့်မိလေလေ ထိုပညာရှင်ပြောသောစကားတို့သည်မှန်သည်ဟုပင်ခံစားရနေလေသည်။ထန်ကျွင့်ဟယ်သည် ကလေးတစ်ယောက်သာဖြစ်သော်လည်း တခြားကလေးတွေနှင့် စကားပြောခြင်း ၊ဆော့ကစားခြင်းတို့ကိုသိပ်ပြီးကြိုက်နှစ်သက်ပုံမပေါ်ပေ။တခြားမိသားစုမှ ကလေးများသည် ရွှံ့ထဲတွင်အကုန်လုံးကပျော်ပျော်ပါးပါး တစ်စုတစ်စည်းထဲအတူတူကစားနေချိန်မှာ ထန်ကျွင့်ဟယ်က ထိုကလေးများနှင့် ဘယ်သောအခါမှသွားရောနှောဆော့ကစားခြင်းမရှိ၊သူမအနားတွင်သာတစ်ချိန်လုံးကပ်နေပြီး တစ်နေ့လုံးနားပူနားဆာသာလုပ်လေ့ရှိသည်။
ထန်ကျွင့်ဟယ်လေးသည် တစ်ခြားရွယ်တူကလေးများနဲ့လုံးဝမပေါင်းချင်ဖြစ်နေလိမ့်မည်ဟု သူမဘယ်သောအခါမှမျှော်လင့်မထားခဲ့ပေ။ထို့အတူ အတင်းဖျင်း၊ကောလဟာလများကိုတစ်ခြားကလေးများ ကြားကာသိရှိသွားသောအခါမှာတော့ သူတို့က ထန်ကျွင့်ဟယ်လေးအား အခေါ်အပြောမပြုတော့ဘဲလွှတ်ထားလိုက်ကြတော့သည်
နောက်ဆုံးမှာတော့ ထန်ရှောင်နျန် ကောက်ချချလိုက်လေသည်၊ ကျွင့်ဟယ်လေး ယခုကဲ့သိုဖြစ်နေရခြင်းမှာ အဖေမရှိသည့် ပတ်ဝန်းကျင်ကြောင့်ဖြစ်လိမ့်မည်ဟု၍ပင်၊ ထန်ရှောင်နျန်သည် အတော်အတန်ကြာအောင် စဉ်းစားနေခဲ့ပြီး နောက်ဆုံးမှာတော့ သူမခေါင်းထဲတွင်အကြံကောင်းတစ်ခုပေါ်လာလေသည် ၊ ယန်ချန်းချွမ်၏ ဇနီးသည် အလယ်တန်းပြဆရာမတစ်ဦးဖြစ်ပြီး ကျန်းမာရေးလည်းသိပ်မကောင်းသည့်အတွက် သူမမိသားစုထံသို့ ယခုနှစ်နွေရာသီတွင် ခဏတာပြန်လိမ့်မည်ဟု ယန်ချန်းချွမ်ပြောခဲ့ဘူးတာကို သတိရလာလေသည်။ တကယ်လို့ သူမသာ ဒီကိစ္စကိုအခွင့်ကောင်းယူကာ ကျွင့်ဟယ်လေးအား ဖခင်၏ နွေးထွေးမှုမေတ္တာအားသိရှိစေရန် ယန်ချန်းချွမ်ထ ဆီကိုခဏတာ ပို့ထားနိုင်ခဲ့ပါက...ယန်ချန်းချွမ်...ဒီလူကဘယ်လောက်ဘဲရွံစရာကောင်းသည့်အကောင်မျိုးဖြစ်နေပါစေ သူရဲ့သားအရင်းကိုတော့ဂရုစိုက်ချစ်ခင်ကြင်နာပေးသည်မဟုတ်ပါလား....
BẠN ĐANG ĐỌC
Pᴀᴘᴇʀ Pʟᴀɴᴇ -ᴍʏᴀɴᴍᴀʀ ᴛʀᴀɴsʟᴀᴛɪᴏɴ(Novel)
Lãng mạnName - Paper Plane Author - Tan Shi Type - Web Novel Genre - Adult, Drama, Psychological, Romance,Yaio Chapter - 119 chapter + 2 Extras (Complete) Translation To Burmese (Myanmar) Translator - Min Yoon Jin Warning 🚨🚨 ဒီ Novel လေးထဲက MC 2ယောက်...