Cʜᴀᴘᴛᴇʀ - 3.1❤️

103 15 4
                                    

(Unicode)

ထန်ကျွင့်ဟယ်လေးသည်နောက်နှစ်တွေမှာယန်ရွှမ်းကိုဘယ်သောအခါမှထပ်‌မတွေ့ရတော့ဘူးဟု တွေးထားခဲ့သည်။5နှစ်အရွယ်သာရှိသေးသည့်ကလေးတစ်ယောက်အတွက် တစ်နှစ်ဆိုသည့်အချိန်သည် ထိုတစ်နှစ်အတွင်းဖြစ်ပျက်ခဲ့သောအရာမှန်သမျှကိုမေ့ပျောက်ပြစ်ရန်လုံလောက်သည်။သို့သော် ထန်ကျွင့်ဟယ်လေးသည် ယန်ရွှမ်းအားယခုအချိန်ထိမှတ်မိနေသေးသည်။

ထန်ကျွင်ဟယ်အသက်6နှစ်အရွယ်နွေရာသီတွင်ယန်ရွှမ်းနှင့်ပြန်လည်တွေ့ဆုံခဲ့ရသည်။

အနက်ရောင်ကားတစ်စီးသူတို့အိမ်ရှေ့သို့လာရပ်သောအခါ ထန်ရှောင်နျန်သည် သူ၏လက်ကိုဆုပ်ကိုင်၍အိမ်အောက်ထပ်သို့ဆင်းလာသည်။

ဒီတစ်ကြိမ်တွင်တော့ သူမငိုတော့ပေ။ကားနောက်ခန်းထိုင်ခံပေါ်တွင်နာခံစွာနှင့်ကိုယ့်သာဘာကို‌တွယ်တက်ပြီးထန်ရှောင်နျနိအား "တာ့တာ"ဟုပြောနေစဉ်အချိန်မှာလဲသေချာမတ်မတ်ပင်ထိုင်လိုက်သေးသည်။

မသွားခင်အချိန်၌လည်း ထန်ရှောင်နျန်သည်သူ့အားကြည့်ကောင်းသည့်အဝတ်တစ်ချို့ဝယ်ပေးသည်။အဖြူစွတ်စွတ်ရှပ်အင်္ကျီကိုအောက်ခံထားပြီး ‌အပေါ်မှမီးခိုးရောင်အင်္ကျီလက်ပြတ်လေးအားထပ်ဝတ်လိုက်သည့်အပြင် လည်ပင်တစ်လျှောက်တွင်ဖဲပြားလေးပါပေါင်းချည်လိုက်သောအခါ ထန်ကျွင့်ဟယ်လေးသည် မင်းသားငယ်လေးတစ်ပါးနှင့်ပင်တူသွားတော့သည်။

ယန်ချန်းချွမ်သည်သူ့အားအိမ်‌ပေါ်သို့အတူခေါ်သွားသည့်အခါတွင်အိမ်နီးချင်းတစ်ဦးကမြင်သွားပြီး အဲ့ဩတကြီးဖြင့်

"Yo!,ဒီချစ်စရာကောင်းတဲ့ကောင်းလေးက ဘယ်ကရောက်လာတာလဲ"

ယန်ချန်းချွမ်ကပြုံးရွှင်ရွှင်နှင့် ပြန်ဖြေလိုက်သည်

"ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်က အလုပ်ကိစ္စနဲ့ခရီးထွက်နေရတယ်လေအဲ့တာကြောင့်သူ့‌ကလေးကကျွန်တော်တို့နဲ့ရက်နည်းနည်းလောက်လာနေမှာ"

ထိုအချိန်တွင်ယန်ရွှမ်းသည်အပြင်တွင်အားရပါးရကစားနေဆဲဖြစ်သည်။ယန်ချန်းချွမ်ကသူ့အားပြန်ခေါ်လိုက်သည့်အချိန်တွင်သူ့တစ်ကိုယ်လုံးသည်ညစ်ပတ်ပေရေလျှက်ရှိသည်။

Pᴀᴘᴇʀ Pʟᴀɴᴇ -ᴍʏᴀɴᴍᴀʀ ᴛʀᴀɴsʟᴀᴛɪᴏɴ(Novel)Donde viven las historias. Descúbrelo ahora