Cʜᴀᴘᴛᴇʀ - 2.2❤️

42 13 12
                                    

(Unicode)

ဤကိစ္စအပြီးမှာတော့ထန်ကျွင့်ဟယ်လေးသည်ယန်ရွှမ်းအပေါ် စတင်၍တွယ်ကပ်လာခဲ့တော့သည်။သူ၏မွေးရပ်ဒေသမဟုတ်သော ရွှမ့်ချန်မြို့နှင့်မရင်းနှီးသေးသော်၍၎င်းထို့ပြင်မနေ့ကဖြစ်ခဲ့သောကိစ္စရပ်‌ကြီးကသူ၏နောက်ကိုအရိပ်မည်းကြီးဖြစ်နေသောကြောင့် ယန်ရွှမ်းကိုမျက်စီရှေ့မှအပျောက်မခံဘဲပူးကပ်နေတော့သည်

သူတို့နှစ်ဦးသည်အသက်တစ်နှစ်သာကွာခြားကြပေမယ့်ယန်ရွှမ်းကကျွင့်ဟယ်လေးထက်တော်တော်လေးကိုအသက်‌ပိုကြီးသည်ဟုထင်ရသည်။

ပုံမှန်အသက်အရွယ်တွင်ရှိသင့်ရှိထိုက်သောခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှုန်းထက်ကျွင့်ဟယ်လေး၏ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှုန်းကတစ်ခြားသောကလေးများထက်အမြဲနောက်ကျကျန်ခဲ့သည်။ထို့ကြောင့်ပင်ကျွင့်ဟယ်လေးသည် သူစိမ်းများနှင့်တွေလျှင်ရှက်ကြောက်နေခဲ့ကာစကားလဲသိပ်မပြောပေ။

ယန်ရွှမ်းကတော့အများနှင့်ယှဥ်လိုက်တိုင်းအမြဲထင်ရှား​တောက်ပနေပြီးငယ်ရွယ်စဥ်ကပင် ကိုယ်၊နှုတ်၊အမူအကျင့်၊ ဥပဓိရုပ်တို့ဖြင့် မျက်စိအာရုံတို့ကိုဆွဲဆောင်ထားနိုင်သည်ဟုပင်ပြောလို့ရသည်။ သူ၏ပတ်ပတ်‌လည်ကလေးများကြားတွင်လည်းအရှိန်ဝါကိုယ်ရည်ကိုယ်သွေးတို့ကအလိုလိုထင်းထွက်နေသည်။သက်တူရွယ်တူချင်းယှဥ်လျှင်တောင်မှ ယန်ရွှမ်း၏ခြေတံမြင့်မြင့်သန်သန်များကြောင့်အရပ်ပိုရှည်နေပြီးယခုအသက်ရွယ်ဟုလုံးဝမထင်ရ‌ပေ။

ပထမအကြိမ်အနည်းငယ်တွင်ထန်ကျွင့်ဟယ်လေးသည် ယန်ရွှမ်းနှင့်အတူအ​ပြင်ထွက်ကစားကြည့်သော်လည်းအမြဲသူ၏ ကိုကိုအားစိတ်ပျက်လက်ပျက်​ဖြင့်လိုက်ရှာ​နေရ​ခြင်းဖြင့်သာ အဆုံးသတ်ရသည်။နောက်ပိုင်းတွင်တော့အနည်းငယ်လောက်ပြေးပြီးသည်နှင့်သူ၏ကိုကိုကသူ့အားပြန်လာရှာသည်ကိုသိလာပြီးသည့်နောက်မှာတော့ထန်ကျွင့်ဟယ်လေးသည်သူ၏နေရာလေးတွင်သာလိမ်လိမ်မာမာလေးရပ်နေပြီးသူ၏ကိုကိုကသူ့အားပြန်လာရှာသည်ကိုသာစောင့်နေတော့သည်။

ထန်ကျွင့်ဟယ်လေး၏ဆံပင်များမှာအတော်ကိုပျော့​ပျော့ပျောင်းပျောင်းရှိပြီးမျက်နှာလေးသည်လည်း ဝဝကစ်ကစ်နှင့် ဖြူဖြူဖျော့ဖျော့‌လေးဖြစ်သည်။ထို့ကြောင့်ယန်ရွှမ်းသည်ချစ်စဖွယ်မျက်နှာလေးများအားသူ၏ လက်ဖဝါးညစ်ညစ်ပတ်ပတ်များနှင့်အမြဲကိုင်ကြည့်လေရှိသည်။

Pᴀᴘᴇʀ Pʟᴀɴᴇ -ᴍʏᴀɴᴍᴀʀ ᴛʀᴀɴsʟᴀᴛɪᴏɴ(Novel)Where stories live. Discover now