Padouk ( ဖိတ်ချင်ဖိတ် ကိုယ့်အိတ်ထဲဘဲ ဖိတ်ရမှာပေါ့။ )

59 9 0
                                    

Unicode

အတော်ကြာမှ တံ‌ခါးခေါက်၍  ပန်းအိုးကို လာပို့သူက ဟိုစပ် စလူးကောင်လေး မဟုတ်ဘဲ သနပ်ခါးပါးကွတ်၊ကျစ်ဆံမြှီး ကျစ်ထားသည့် ကလေးမလေး ဖြစ်သည်။

ကိုယ်တော်ချောလေးက အစောက ကိစ္စကို ရှက်ပြီး သူဆီကို တောင် ပြန်မလာတော့ဘူး။ ဘာဘဲဖြစ်ဖြစ် ညအိပ်ရင်လည်း တွေ့ရမှာမို့ ချန်ဖေးယွီသည် အေးဆေး အထုပ်တွေကိုသာ နေရာချနေသည်။

ငါးရက်၊တစ်ပတ်လောက်သာ နေမှာမို့ သိပ်ပြီးများများ စား စား မယူလာတာကြောင့် ခဏလေးဖြင့် ပြီးသွားသည်။
အမေကိုလည်း ဖုန်းဆက်နေပေမဲ့ မကိုင်တာကြောင့် ရောက်ပြီဖြစ်ကြောင်းသာ စာတိုပို့လိုက်၏။အမေတို့များ
သူ့လက်က လွတ် ပြီးတာဘဲ သဘောထားနေသလား

အခန်းထဲနေရတာ ပျင်းတာကြောင့် ချန်ဖေးယွီလည်း ကင်မရာယူ၍ အောက်ထပ်ကို ဆင်းလာသည်။ အိမ်ထဲမှာ ဘယ်သူမှ မရှိဘဲ တိတ်ဆိတ်နေပေမဲ့ ခြံထဲ၌ ဆူညံနေ ကြသည်။ အပြင်ကို ထွက်လာရာ ‌လော်ယွင်ရှီးကို သိပ်မရှာလိုက်ရ။ အစောက ကနေသည့် မိန်းကလေးအုပ် ကြားထဲမှာ ဘာတွေ စနောက်၊ သဘောကျနေလဲ မသိ၊ မျက်လုံးတွေ ပိတ်ကျသည်အထိ ရယ်မောနေကြသည်။

ချန်ဖေးယွီလည်း သတိမထားမိအောင် ကင်မရာလေးကို သူဘက်ချိန်၍ ရယ်နေသည့်ပုံလေးကို ခိုးရိုက်ယူလိုက်သည်။ ပြီးနောက် ထိုပုံလေးကို ပြန်ကြည့်နေတုံး အန်တီမာမာအေးက အနောက်ရောက်လာသည်ကို သတိမထားမိ။

" ဓာတ်ပုံရိုက်နေတာလား ? "

" ဟင်.. အန်တီ လန့်သွားတာဘဲ။ "

အန်တီမာမာအေးသည် ချန်ဖေးယွီထွက်လာတုံးက သူကိုရှာ နေသည်ဟု ထင်၍ လှန်းခေါ်တော့မလို့ လုပ်ပေမဲ့ သူကို ရှာနေတာမဟုတ်မှန်း သိသွားသည်။ ယွင်ရှီးကို ကြည်ကြည် နူးနူးကြည့်၍ ဓာတ်ပုံရိုက်နေတာကြောင့် အနောက်မှ ဖြေးဖြေးချင်း သွားခြောက်သည်။ ထင်သည့် အတိုင်းပင် သူခိုးလူမိဖြစ်သွားသည့် ဖေးယွီ ကြောင့်  ရယ်ချင်ပေမဲ့ အောင့်ထားရင်း မသိသလိုမေးသည်။

" ဘာတွေ ခိုးလုပ်နေလို့ လန့်သွားရတာလဲ ? "

" မဟုတ်ပါဘူး။ ဒါနဲ့ အန်တီ.. "

Padouk Where stories live. Discover now