Padouk ( ယွင်ရှီးနဲ့ အဲလို စခံရတာ ကြိုက်ပါတယ်။ )

50 7 1
                                    

Unicode

အိပ်နေရာမှ ဆူဆူညံညံအသံတွေ ကြားနေတာကြောင့် ချန်ဖေးယွီသည် နိုးလာသည်။ မျက်လုံးကို မှိတ်ထားရင်း အားရပါးရသမ်းဝေလိုက်သည်။ အပျင်းကြော လျှော့ပြီး ထရပ်တော့ ဘေးကုတင်မှာ လော်ယွင်ရှီး မရှိတော့။
သပ်သပ်ရပ်ရပ် ခေါက်ထားသည့် စောင်နှင့် လှန်တင်ထား သည့် ခြင်ထောင်သာ ကျန်ခဲ့သည်။ 

ချန်ဖေးယွိ နည်းနည်းပါးပါး အကြောလျော့နေတုံး ဘေးပြ တင်းပေါက်က ပိတောက်ပင်ကြီးက လူတက်သလို လှုပ်ရမ်း နေတာကြောင့် တံခါးဖွင့်ကြည့်လိုက်တာ အပင်ပေါ် မှာ လော်ယွင်ရှီး။ အောက်မှာလည်း သူ့သူငယ်ချင်းတွေက လက်ညိုးတွေ ထိုးပြီး အော်နေကြသည်။

" ယွင်ရှီး..  "

ဘေးက ပိတောက်ကိုင်းကို မရမက လှန်းချိုးနေသည့် လော်ယွင်ရှီးသည် ချန်ဖေးယွီကို မြင်သွားသည်။
ပြတင်း ပေါက်နားက အပင်ဆိုပေမဲ့ လော်ယွင်ရှီးက အပင်ခွ ကြားမှာ ရပ်နေတာမို့ ပြတင်းပေါက်က ချန်ဖေးယွီ ကြားအောင် အော်၍ နှုတ်ဆက်သည်။

" ဟဲဟဲ .. good morning ပါ။ "

ချန်ဖေးယွီက မျက်လုံးပြူးနေပေမဲ့ လော်ယွင်ရှီးကတော့ တဟဲဟဲဖြင့် သွားကြီးဖြီးပြီး အပင်ပေါ်မှ ရယ်ပြနေသည်။ 

"ဘယ်တုံးက နိုးတာလဲ ? "

" ငါးနာရီတည်းက.. ဖေးယွီ အိပ်နေသေးလို့ မနိုးခဲ့တာ။
ဒါနဲ့ ဖေးယွီ ပိတောက်လိုချင်သေးလား ? ဒီနေ့ ထပ်ပွင့်တယ်။ "
လော်ယွင်ရှီး၏ လက်ထဲမှာလည်း ပိတောက်တွေ တပွေ့ တပိုက်ကို မြင်သာအောင် မြှောက်ပြသည်။ထိုပြင် ပန်းခတ် သေးသေးလေးတွေကို ခေါင်းပေါ် မှာလည်း ထိုးထား သေး သည်။ အပင်ပေါ်တက်တာမို့ ထင်သည်။ပေါင်လယ် လောက် သာ ရှိသည့် ဘောင်းဘီတိုနှင့် တီရှပ်အမည်းကိုဘဲ ၀တ်ထားသည်။

" ရပါတယ်။ ယွင်ရှီး ပြုတ်ကျအုံးမယ်။ "

ချန်ဖေးယွီကသာ ကြည့်ရင်း အသည်းတယားယားဖြစ်နေ ပေ မဲ့ လော်ယွင်ရှီးအတွက် ဒီအပင်တွေကို မျက်စိမှိတ်၍ အလွတ် တက်နိုင်သည်။ တီချယ်ခြံထဲမှာ မာလကာပင်၊ သရက်ပင် တွေလည်းရှိတာကြောင့် လော်ယွင်ရှီးတက်ခူး စားနေကျ ဖြစ်သည်။

Padouk Where stories live. Discover now