[Unicode]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 2
.
.
အမှတ်တမဲ့ လက်မှနာရီအားငုံ့ကြည့်မိတော့ 12:55....."Shit!...ကျောင်းတက်တော့မှာပဲ"
အလျင်အမြန်ဖြင့်ပစ္စည်းများအားကောက်သိမ်းကာ အောက်ထပ်သို့အမြန်ပြေးဆင်းမိသည်။သူ့လိုပင်တခြားကျောင်းသားများထွက်လာကြပြီမို့ ကိုယ်ရှိန်သတ်ရသေးသည်။
ကျောင်းဝင်းအတွင်းမပြေးလွှားရဆိုသည့် ဘယ်နှစ်ချက်မြှောက်မှန်းမသိသော ကျောင်းစည်းကမ်းကတစ်ကယ်စိတ်ပျက်စရာ။
ခန်းမထဲမှထွက်လာပြီးနောက် Hostel Aဘက်အလျင်အမြန်ပြေးချင်သော်လည်းမတတ်နိုင်ပါ။
ပုံမှန်မဟုတ်သောခြေလှမ်းများဖြင့်မပြေးရုံတမည်သွားနေတဲ့သူ့ကိုလှမ်းကြည့်နေကြသည်။နေ့လည်စာအတွက် စာကြည့်တိုက်အပြန်မှဝင်စားမည့်အစီအစဉ်လေးကတော့ပျက်ချေပြီ။
"Hey Wait!... Hey.... Bunny!.... Wait!"
Hostel Bရှေ့ကော်ရစ်တာအားဖြတ်လျှောက်နေစဉ် သူ့ကျောပိုးအိတ်အားလှမ်းဆွဲသည့်ကျောင်းသားတစ်ယောက်။
သူလှည့်ကြည့်ရင်းမျက်မှောင်ကြုံ့မိသည်။
"Bunny?...Who?..."
သူမေးတော့ အရှေ့မှကျောင်းသားက...."You!"တဲ့လေ....
"Me?"
ကြောင်တောင်တောင်ဖြင့်သူ့ကိုယ်သူလက်ညိုးထိုင်းရင်းပြန်မေးမိသည်။အရှေ့ရှိကောင်လေးက ခေါင်းနှစ်ချက် ဆင့်ညိမ့်သည်။ပြီးမှ သူ့လက်ထဲရှိ bunny Keychainအားပြလာကာ...
"This is your!..."
"အာ!.....မဟုတ်ဘူး..ငါ့ဟာမဟုတ်ဘူး!"
သူကလက်ကာ,ကာ ငြင်းတော့ ထိုကျောင်းသားကတစ်ချက်ပြုံးရင်း...."မင်းရဲ့ပစ္စည်းမှန်းငါသိတယ်...."တဲ့လေ။
ရွှေညိုရောင်ဘက်သန်းနေတဲ့ ဆံပင်နဲ့အတူ စိမ်းပြာရောင်မျက်ဝန်းတွေပိုင်ဆိုင်ထားသူမို့ Foreignerလို့ထင်နေတာ ကြားလိုက်ရတဲ့ ပီပီသသ Koreanသံကြောင့်အံ့ဩမိသည်။
"ဟုတ်တယ်!....ငါ့ဟာ...ဒါပေမယ့်မဟုတ်ဘူး"
"ဟမ်!"
သူ့စကားကြောင့်ထွက်ကျလာတဲ့အာမေဋိတ်သံလေးက နားထောင်လို့တော်တော်လေးကောင်းသည်။
YOU ARE READING
'𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈' [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒]✓
Fanfiction"𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈" '𝑇ℎ𝑒 𝑙𝑎𝑠𝑡 𝑝𝑎𝑟𝑡 𝑜𝑓 𝑚𝑦 𝑙𝑜𝑣𝑒, 𝑇ℎ𝑒 𝑒𝑎𝑟𝑙𝑦 𝑙𝑜𝑣𝑒 𝑜𝑓 𝑚𝑦 𝑙𝑖𝑓𝑒'