[Unicode]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 8
12ရာသီပွင့်သည့် Acaciaပင်ကြီးကတော့ သူ့အပွင့်တွေနဲ့ အမြဲတမ်းဝင်းဝါနေဆဲ...မွေးကြိုင်နေဆဲ....။ပန်းရှိရာမို့ရောက်လာတတ်တဲ့လိပ်ပြာလေးတွေကလဲ ဒီတစ်ဝိုက်မှာတစ်ဝဲလည်လည်နဲ့ ပျော်မြူးနေဆဲ။
Acaciaပင်ရိပ်အောက် မြက်ခင်းမှာတစ်ယောက်တည်းထိုင်ရင်း February 2 ဆိုသည့် Dateနဲ့အတူ သူလက်စသတ်လိုက်တဲ့ Diary Bookထဲက ထိုစာကြောင်း....။
စာအုပ်ကိုပိတ်ကာသိမ်းလိုက်သည်။မျက်စိရှေ့ရောက်လာသည့် Boot အဖြူလေး...။ သေးသွယ်သည့်ခြေကျင်းဝတ်ကိုဖုံးထားသည့် ခြေအိတ်အဖြူလေးမှာက bear stickerလေးနဲ့။
မော့ကြည့်တော့ သူတို့ FCရဲ့ဝတ်စုံဖြစ်တဲ့ Jumperအဖြူနှင့် Kim! ချွေးစို့နေသည့်မျက်နှာလေးကြောင့် ကစားရင်းတန်းလန်းလာခဲ့သည့်ပုံ။လက်ထဲက အချိုရည်ဗူးအားပေးသည်။သူမငြင်းပဲလှမ်းယူမိတယ်။
"FCကထွက်တာဘာလို့ငါ့ကိုမပြောတာလဲ..."
Kimသိသွားမယ်ဆိုတာ သူတပ်အပ်သိပေမယ့် ချက်ချင်းကြီးရောက်လာမယ်မှန်းသူမသိခဲ့ပါ။
"အရေးမကြီးလို့..."
သူ့အဖြေကိုသဘောမကျစွာမဲ့သည်။
"ဘာလို့ထွက်တာလဲ..."
ဆက်တိုက်ထွက်လာသည့်မေးခွန်း။ Kimကသူ့အားစိမ်းစိမ်းကြည့်ကာမေးနေသည်။ သူကြားနေရသည့် Kimရဲ့အသက်ရှူသံပြင်းပြင်း။
"စာမေးပွဲနီးပြီ...စာကိုပဲအာရုံစိုက်ချင်လို့..."
မျက်နှာလွဲကာဖြေမိသည်။သူမျက်နှာလွဲသည့်ဘက်သို့ ပုဆစ်ဒူးတုပ်ထိုင်ချလာသည့်Kim...။ White bannerနဲ့နုဖတ်သည့်မျက်နှာလေးကလိုက်ဖက်နေသည်။
"ငါကိုရှောင်ချင်နေလို့မလား....အဲ့တာကြောင့်ထွက်တာမလား...ဟုတ်တယ်မလားလို့"
Jungkookအအော်ခံနေရသည်။
"ငါစိတ်ဆိုးတာကိုလာမချော့ပဲပစ်ထားတယ်....ဒီသုံးရက်လုံးလုံးငါ့ကိုလဲရှောင်တယ်...အခု FCကပါထွက်တယ်...မင်းကလူဆိုးပဲ Jeon"
သူ့ရင်ဘတ်အား လက်ဖြင့်တွန်းကာပြောသည့် Kimကြောင့် သူအနောက်သို့ပင် ယိုင်သွားသည်။ရဲတက်လာသည့် Kimရဲ့မျက်နှာက ဒေါသကိုချုပ်တည်းထားဟန်တူပေမယ့် သူ့အရှေ့၌ပင် ငိုချလာသော Kim...!
YOU ARE READING
'𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈' [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒]✓
Fanfiction"𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈" '𝑇ℎ𝑒 𝑙𝑎𝑠𝑡 𝑝𝑎𝑟𝑡 𝑜𝑓 𝑚𝑦 𝑙𝑜𝑣𝑒, 𝑇ℎ𝑒 𝑒𝑎𝑟𝑙𝑦 𝑙𝑜𝑣𝑒 𝑜𝑓 𝑚𝑦 𝑙𝑖𝑓𝑒'