[Unicode]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 5
"Kim.."
သူ့ခေါ်သံကိုဂရုမစိုက်ပါ။ဆန်ချိုအေးကိုသာ ပိုက်ဖြင့်ငြိမ်သက်စွာစုပ်သောက်နေသည့် အဆိုးလေးက မျက်လုံးလေးပင်မှိတ်ထားသေးသည်။
"Kim"
သူထပ်ခေါ်ပေမယ့် မလှုပ်မယှက်။ဆန်ချိုအေးကတောင် Kimဆီမှာ သူ့ထက် Attentionရနေသေးတယ်။ကျောင်းပိတ်ရက်မို့ အပြင်မှာမုန့်စားဖို့သွားခေါ်မိတာ။ ဆိုင်ရောက်တော့ သူများသောက်နေတဲ့ ဆန်ချိုအေးကိုအထူးတဆန်းသွားကြည့်သည့် Kim! တစ်ခါမှသောက်ဖူးဟန်မတူသည်မို့တစ်ခွက်မှာပေးမိသည်။ယခုသောက်နေသည်က တတိယမြောက်ခွက်ဆိုပါက.....။
"မင်းကငါ့ကိုအရေးမလုပ်ဘူးပဲKim....ငါစိတ်ဆိုးလိုက်မှာ..."
လက်နှစ်ဖက်အားပိုက်လိုက်ကာ ခုံနောက်ကျောအားခပ်လျော့လျော့မှီထိုင်ရင်း ခပ်ပြတ်ပြတ်လေသံနဲ့ပြောတော့မှ မျက်လုံးဖွင့်ကာသူ့ကိုကြည့်လာသည်။ ဝိုင်းစက်နေတဲ့စိမ်းပြာပြာမျက်ဝန်းများက အရောင်ပင်လဲ့နေသည်။
"တစ်ကယ်ကြီးလား..."ဟုပင်မေးလိုက်သေးသည့်သူ့အရှေ့မှစိမ်းပြာလေးက စိတ်မကောင်းဖြစ်သွားဟန်။
"တကယ်ပေါ့"
"ငါကမချော့တတ်ပါဘူးဆို" သူ့အားမရဲတရဲကြည့်ရင်းပြောလာသည်။
"ငါမေးတာတစ်ခုဖြေရင်စိတ်ဆိုးပြေမယ်လေKim"
သူ့စကားအားခေတ္တမျှစဉ်းစားဟန်ပြုသည့် Kimက ပြီးကာမှ ခပ်ချွဲချွဲကြည့်လာရင်း "တစ်ကယ်နော်"တဲ့...။ အဲ့အကြည့်တွေက သူ့ကိုစိတ်ဆိုးပြေဖို့အတွက် ပံ့ပိုးမှုတစ်ခုအဖြစ် Kimကရည်ရွယ်နေသည်ထင်ပါ့။
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။သူ့အမေးကိုစောင့်နေဟန်ရှိသည့်အဆိုးလေးက အောက်နှုတ်ခမ်းကို တတိတိကိုက်ရင်းဖြင့်။
"Cakeဆိုင်က ကိုကိုဆိုတဲ့တစ်ယောက်ကဘယ်သူလဲ..."
"ဟမ်!"
သူ့အမေးကိုမဖြေဘဲ ထွက်ကျလာတာက အာမေဋိတ်တစ်ခုသာ။ဒီမေးခွန်းကိုအရဲစွန့်ပြီးမေးလိုက်ရပေမယ့် ရင်ထဲမှာတော့ ခိုးလုခုလုဖြစ်နေသည်။သူမလိုချင်တဲ့အဖြေများထွက်လာခဲ့ရင် ဆိုသည့်စိတ်ကလဲခြောက်လှန့်နေသေးသည်။လက်ချောင်းများက စားပွဲပေါ်ဆီ တတောက်တောက်ခေါက်မိရင်း...။
YOU ARE READING
'𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈' [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒]✓
Fanfiction"𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈" '𝑇ℎ𝑒 𝑙𝑎𝑠𝑡 𝑝𝑎𝑟𝑡 𝑜𝑓 𝑚𝑦 𝑙𝑜𝑣𝑒, 𝑇ℎ𝑒 𝑒𝑎𝑟𝑙𝑦 𝑙𝑜𝑣𝑒 𝑜𝑓 𝑚𝑦 𝑙𝑖𝑓𝑒'