I LOVE YOU MORE THAN BEST FRIEND Part 1

1.2K 39 4
                                    


ကျောင်းများပြန်ဖွင့်ချိန် မိုးဉတု ဇွန်လဧ၊ ပထမဆုံးရက်...

မွန်ပြည်နယ်၊ ပေါင်မြို့မှ ပြောင်းလာသော ဝဿန် အဖို့ ရန်ကုန် ဟာစိမ်းကားနေသည်။ ကျောင်းအသစ် ၊ အိမ်အသစ် ၊ ပတ်ဝန်းကျင် အသစ် ၊ နေထိုင်မှု အသစ်။...

ပေါင်နှင့် ရန်ကုန်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံ ထဲမှာတင်ရှိသော်ငြား...အရာရာ ဟာလွန်စွာခြားနာနေပါဘိ။ ပေါင်တွင် တောင်တန်းများ ဘုရားပုထိုး အနည်းငယ်

သာရှိပြီး လည်ပတ်စရာဟူ၌ သိပ်မရှိလှ... supermarket များ ရုပ်ရှင်ရုံများ စသည့် အပန်းဖြေ လည်ပတ်စရာ လိုလျှင်ဆိုင်ကယ်ဖြင့် မော်လမြိုင်သို့ အနည်းငယ် မောင်းသွားမှ သာ

မြို့ပြ နေထိုင်မှု ဘဝကို ရနိုင်မည် ။ ရန်ကုန်မှာတွင်ကား...ဘယ်ဘဲ ကြည့်ကြည့် လမ်းကျဉ်းကျဉ်းပါ မကျန် အရာ အားလုံးဟာ စည်ကားနေသည်။

ယခုလဲ ဝဿန် အတွက် ရန်ကုန်တွင် ပထမဆုံး ကျောင်းတက်ရက်...ကျောင်းမှာ အ.လ.က.(၁) ဒဂုံ ဟု ခေါ်ပီး ကျောင်းသွားအပ်တုန်းက ကြည့်လိုက်တာ ပေါင်မှ ကျောင်းနဲ့ လွန်စွာ ကွဲပြားလှသည်။

ထိုကျောင်းတွင် ၆တန်း ၊ ၇တန်း၊ ၈တန်း၊ တတ်ရမည် ဟု မေမေ က ဆိုသည်။

"ဝဿန်ရေ ထတော့ ကလေး ကျောင်းပထမ ဆုံး တတ်ရမဲ့ နေ့၊ ကျောင်းကားလာတော့မယ် နောက်ကျလို့ မဖြစ်ဘူးလေ။"

မေမေ က နှိုးလာသည်။ ကျောင်းချိန်မှာ ၇ နာရီ တတ်သည်ဖြစ်၍ လွန်စွာ စောလှ သည်။ ဝဿန် တယောက် မထချင် ၅း၄၅ က နေတောင်မထွက်သေးဘူးလေ။

ကျောင်းကားက ၆း၁၅ ရောက်မည်ဟူဆို ၍ မတတ်နိုင်တော့ ကုန်းရုံး ထရတော့သည်။ မိုးရာသီ ဆိုသည့် အလျောက် မိုးမရွာ ပင်မဲ့ ရာသီဥတုမှ ချမ်းစိမ့်လှသည် ။

ဝဿန် နာမည်သည် မိုးဥတု ဟု အဓိပ္ပါယ် ရသောလဲ ဝဿန်မှာ မိုးရာသီကို လွန်စွာ မုန်းတီးသည်။

"မနက်အစောကြီးထရပြန်ပီ။ တနေ့မှာ ၂၄ နာရီတောင် အချိန်တွေ အများကြီး ရှိတာကျောင်းချိန်ကိုဘာလို့ အစောကြီးလုပ်ရတာလဲ။ "

I LOVE YOU MORE THAN FRIENDWhere stories live. Discover now