I LOVE YOU MORE THAN BESTFRIEND
"မနက်စောစော ထလာရလို့ စိတ်က မကြည်ပါဘူးဆိုမှ ကျောင်းခန်းထဲလဲ ရောက်ရော မင်းဆန်း နဲ့ နှစ်ယောက်ထဲ ထိုင်လို့ ရတဲ့ ခုံက မရှိတော့ဘူး သုံးယောက်ခုံတွေဘဲကျန်တော့တာတဲ့လေ...ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းတဲ့ အခြေနေလဲ" မင်းတို့အားလုံးတွေးကြမှာပေါ့ သူများတွေကို လဲပေးဖို့ အကူညီတောင်းတာဘဲ ဖြစ်ဖြစ် မင်းဆန်း အပါအဝင် နောက်တစ်ယောက်နဲ့ သုံးယောက်ထိုင်ခုံမှာ ထိုင်တာဘဲ ဖြစ်ဖြစ် ဆိုပြီး...အခြေနေက အဲ့လောက် မရိုးရှင်းဘူး ခင်များတို့ရဲ့ ...ဒီကကောင်က သူများကို အကူညီတောင်းရမှာ အရမ်းမုန်းတာမို့ ပထမ အချက်ကို ပယ်လိုက် ၊ နောက်တစ်ယောက်နဲ့ထိုင်ဖို့က မင်းဆန်း က လွဲပြီးတော့ ဒီကောင် ဆိုးတဲ့ ဒဏ်ကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး ...အဲ့တော့ ခင်များတို့ တွေးကြအုန်းမယ် အချေလား ဇိုးလား မောက်မာတာလား ဆိုပြီး အဲ့လိုတွေးနေရင် အတွေးတွေကို အမှိုက်ပုံးထဲ သွားပစ်လိုက်တော့ တစ်ခုမှ မဟုတ်တာမို့...ကျွန်တော်က စကားအင်မတန် နည်းတဲ့ကောင် ကျွန်တော် စကားပြောချင်တဲ့သူ စကားပြောဖို့ လိုအပ်တဲ့သူ နဲ့လိုအပ်နေတဲ့ အခြေနေမှာမှ ပြောမယ် ၊ ဘာလို့လဲ ဆိုတော့ စကားပြောရမှာ အင်မတန် ပျင်းတာမို့"
"ဟေမာန်...ခုံ က ဟိုနားက အတန်းဘဲလွတ်တော့တယ် လူရှိလား ငါ သွားမေးလိုက်အုန်းမယ်"
မင်းဆန်းပြောနေတဲ့ နေရာကို ကြည့်လိုက်တော့ ကောင်လေးတစ်ယောက် အခန်းထဲမှာ မမြင်ဘူးတဲ့ မျက်နှာစိမ်းမို့ ကျောင်းပြောင်းလာသည် ထင်တယ် ။
"မာန်ရေ လာကွာ"
ဟိုကောင်လေး ခွင့်ပြုလိုက်ပုံရသည်။ မင်းဆန်းဒိုင်ခံ နှုတ်ဆက်ပြီး သိလိုက်ရတာက မျက်နှာစိမ်းကောင်လေး ရဲ့ နာမည်က ဝဿန် နဲ့ ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ပေါ့ ၊မင်းဆန်းက စကားဝင်ပြောဖို့ ပြောတယ် ၊ ဒါပင်မဲ့ ကျွန်တော်မှ မအားတာ ကောင်ငယ်လေးရဲ့ မျက်နှာကို ဝေဖန်ပေးနေတယ်လေ။ ကောင်လေးက ချစ်စရာ အတိနဲ့ဗျာ ၊ ဟိုကောင်နဲ့ ပြောနေတာကြားတာ ကတော့ ပေါင် ကလာတာတဲ့ ၊ ပေါင်ဆိုတာ မွန်ပြည်နယ်က မလား ပူမယ်ပုံရတဲ့ အရပ်မှာ နေတဲ့ ကောင်လေးရဲ့ အသားက နေလောင်ပြီး ညိုမနေဘဲ တောင်ကြီးတို့လို အအေးပိုင်းမှာ နေတဲ့ သူတွေလို ဖြူဉနေတာ မိန်းကလေး ရှူံးမယ် ၊ အသားဖြူဖြူ နှုတ်ခမ်း ပါးပါး၊ ပါးရဲရဲ လေးနှစ်ဖက်က ဆေးမကူဘဲ ရဲနေတာ ၊ ဆံပင်လေးတွေက နည်းနည်း ကောက်ကောက်လေးနဲ့ နှဖူးပေါ်ကျနေတာ မင်းဆန်း စကားလာပြောခိုင်းတုန်းက ဘာမှ ပြန်မပြောဘဲ နေလိုက်တော့ ကောင်လေး စိတ်ခုသွားပုံ ရတယ် နှုတ်ခမ်းလေး က မဆိုစလောက်လေးဆူထွက်လာတာလေ။
YOU ARE READING
I LOVE YOU MORE THAN FRIEND
Romance"ငါမင်းကို သူငယ်ချင်းလိုဘဲ ခင်တာ အရင်က ကြိုက်တယ်ပြောတာလဲ စိတ်ကစားခဲ့ တာ ငါ့ကို မေ့လိုက်ပါတော့... ပျော်ရွှင်ပါစေ good luck ပါ" ဟေမာန် "အင်...