သီရိနဲ့ပြသနာတွေ ဖြစ်ပြီး အနေခက်နေတာနဲ့ မာန် ဝဿန်ကို စကားသွားမပြောဖြစ်။ ထိုနည်းတူ ဝဿန် ကလဲလာမပြောတော့ မာန်ကဘဲ အရဲစွန့်ပြီး
"အဆင်ပြေလား ၊ ဟိုတစ်ယောက်ပြောတာကို ဘာလို့ ရန်ပြန်မတွေ့တာလဲ သူပြောသလို မဟုတ်ကြောင်း။" လို့ အားမလိုအားမရနဲ့ မေးလိုက်မိသည်။
"ငါလဲ ရန်ပြန်တွေ့ချင်တာပေါ့ ၊ ချက်ချင်းကြီးမှ စကား က ထွက်မလာတာ ၊ ပြီးတော့ အဲ့လို တစ်ခါမှလဲ အပြောမခံရဘူးတော့ ပူထူသွားတာ။"
ချက်ချင်းကြီးစကားထွက်မလာတာတဲ့လား ပိုးဟပ်ဖြူလေးရယ်။ ရန်ရောဖြစ်တတ်ရဲ့လားမသိ။
"အင်း...နောက်တစ်ခါအဲ့လိုတွေ ဖြစ်ရင် ချက်ချင်း စကားထွက်အောင် ရန်ဖြစ်နည်း tutorial တွေ youtube မှာ ကြည့်ထား"
"အင်း ကြည့်ထားမယ် နည်းပြလိုရင် မင်းကိုငှားမယ်"
ဟ...ကိုယ်က ရွဲ့ပြီးပြောတာကို ပိုးဟပ်ဖြူလေးက ပြန်တောင် ရွဲ့လိုက်သေး၊
*"ကဲပါကွာ...ထားတော့ ကျောင်းဆင်းရအောင်"လို့ပြောလာပြန်တော့လဲ ကိုယ့်မှာ မပြန်ချင်သေးတာတောင် မငြင်းပယ်န်ုင်။ သူ့ကိုတော်တော် ခင်မိနေပြီးနဲ့တူပါရဲ့ မင်းဆန်းနဲ့ပေါင်းတာ ကြာနေပြီ ဖြစ်တာတောင် ပိုးဟပ်ဖြူလေးအပေါ်မှာ ရှိတဲ့ ခံစားချက်နဲ့မတူ။ ဟူးးးး ငါ့အတွေးတွေက လဲ လွယ်မနေဘူး။ ကိုယ်နဲ့ဒီနေ့မှ စသိတဲ့ သူ့ကို အဲ့လောက် ခင်မနေနဲ့လေ။*
ကျောင်းခန်းထဲက ထွက်တော့ သူ့ရဲ့ သူငယ်ချင်းမလေး က အခန်းရှေ့မှာ ရပ်စောင့်နေတာ။ အဲ့ကောင်မလေးကို မနာလိုလိုက်တာကွာ။ သူ့ သူငယ်ချင်းဆိုလို့ ငါတစ်ယောက်ဘဲ ရှိစေချင်တာ ။ မပေါင်းနဲ့ ငါနဲ့ဘဲပေါင်းပြောချင်ပင်မဲ့ မပြောရက်ဘူး ။ ကျွန်တော်လဲ သူ အနှောင့်ယှက် ဖြစ်မှာစ်ုးလို့ တိတ်တိတ် လေးဘဲပြန်ခဲ့လိုက်တော့တယ်။
အိမ်ပြန်ရောက်တာနဲ့ လုပ်နေကျ အလုပ်တွေ မလုပ်နိုင်ဘဲ ချက်ချင်း ဖုန်းကို အပြေးကိုင်ပြီး facebook မှာ ပိုးဟပ်ဖြူလေး နာမည် Watthan လို့ရှာကြည့်တော့ ချက်ချင်းဘဲ ရှာတွေ့တော့တာ။ ပရိုဖိုင် ပုံလေးက ချစ်သူမြိုင်မှာ ရိုက်ထားတဲ့ပုံလေးနဲ့ Oversize အကျီ အောက်မှာ မြုပ်နေတဲ့ ခန္တာကိုယ်လေးက ပိုးဟပ်ဖြူလေးဆိုတာ အသေချာပင် ဖြစ်တာမို့ ချက်ချင်း အပ်လိုက်တော့သည်။ ပြန်လက်ခံမှာကိုစောင့်ရတာ အလွန်ဆုံးစောင့်ရ တစ်နာရီ လောက်ဘဲ ထင်ခဲ့ပင်မဲ့ ရေချိုး ထမင်းစား ကျူရှင်တွေ ပြီးလို့ Tv ကြညိ့ပြီး တိုင်အောင် နိုတီဝင်သံမကြားရသေး။ မနေနိုင်သည့် အဆုံး ဖုန်းကို ကြည့်လိုက်မှ ကျွန်တော် လိုင်းကြီး ပိတ်ပြီး ထိုင်စောင့်နေမိတာ ဖြစ်နေတယ်။ လိုင်းဖွင့်ကြည့်လိုက်တော့ ပြန်လက်ခံထားပေးပြီးနေပြီ။ နှစ်ခါ မစဉ်းစားနေတော့ဘဲ"Hi ဝဿန်လား?"
YOU ARE READING
I LOVE YOU MORE THAN FRIEND
Romance"ငါမင်းကို သူငယ်ချင်းလိုဘဲ ခင်တာ အရင်က ကြိုက်တယ်ပြောတာလဲ စိတ်ကစားခဲ့ တာ ငါ့ကို မေ့လိုက်ပါတော့... ပျော်ရွှင်ပါစေ good luck ပါ" ဟေမာန် "အင်...