စာတွေအများကြီးလုပ်ခဲ့ပြီးတဲ့နောက် ဒီနေ့က စာမေးပွဲနေ့...
တစ်နေ့ကို နှစ်ဘာသာဖြေရမှာဖြစ်ပြီး ဒီနေ့က မြန်မာစာနဲ့ အဂ်လိပ်စာ ဖြေဆိုရမည့်နေ့ ၊ သိပ်ခက်ခဲသည့် ဘာသာရပ်တွေမပါတာမို့ ဘာအပူအပင် စိုးရိမ်စိတ်မှ မရှိဘဲ စိတ်ပေါ့ပါးနေကြသည်။ ၄၅ မိနစ်မေးခွန်းဖြစ်ပြီး ၉နာရီမှ ၉နာရီ ၄၅ မိနစ်တွင် မြန်မာစာ ၊ ၁၀း၁၅ မှ ၁၁ နာရီထိ အဂ်လိပ်စာဟူ၍ ဖြေဆိုကြရမည်ဖြစ်သည်။
"စာတွေရကြပြီလား ငါတော့ မြန်မာစာနဲ့ အဂ်လိပ်စာ ဆိုတော့ အေးဆေးဘဲ"
စာမေးပွဲ မစမှီ စာပြန်နွှေးနေကြစဉ် မင်းဆန်းပြောလိုက်တာဖြစ်သည်။ ခုံနံပါတ်မှာ မင်းဆန်း ဟေမာန် ဝဿန် သုံးယောက်သား ရှေ့နှင့်နောက် အစဉ်လိုက်စီ ဖြစ်နေသည်မို့ မင်းဆန်းက "ငါတို့ စာခိုးချကြရအောင် ဒီနေ့က တော့လွယ်တာမို့ တစ်ခြားနေ့တွေရောက်မှ အကောင်ထည်ဖော်ကြတာပေါ့"
"နောက်ကိစ္စနောက်မှရှင်း ခုလောလောဆယ် စာကျက် ၊ ဝဿန် မင်းရော သချာ်တွေ ပိုင်ပြီလား"
"ဟာ...မာန်က လဲ one subject one night ပေါ့ ဖြေးဖြေး၊ ငါသချာ်တွေမရတာ သိရဲ့သားနဲ့ "
မာန်က မေးလိုက်တော့ ဝဿန် ကဆူဆူပုတ်ပုတ်နဲ့ ပြောလာသည်။ အဲ့ပိုးဟပ်ဖြူက ချစ်စရာ အတိနဲ့ ဘယ်နားသွားပြေးဖွက်ရမလဲတောင် မသိဘူး။ အသားဖြူဖြူ ဖွေးဖွေးလေးမို့ ပါးနှစ်ဖက်က သွေးကြောလေးတွေက အတိုင်းသား ၊ သူသချာ်တွေ မရဘူးဆိုပြီး စာမွဲနား နီးထဲက အော်နေတာ ၊ ဘယ်လို့လုပ် ရပါ့မလဲ သချာ်တွေ ခက်တယ်ဆိုပြီးဂျောင်ထိုးထားတာလေ။ အခွင့်ကြုံရင်တော့ သူအားနည်းတဲ့ဘာသာရပ်လေးကို သေချာရှင်းပြပေးချင်ပါဘိ။ ခုနောက်ပိုင်း ဘာရယ်ကြောင့်မှန်းမသိ သူ့ကို ငေးကြည့်နေရတာ အရမ်းသဘောကျမိနေသည်။ သိသိသာသာရော မသိမသာပါပေါ့ ။
"မရရင် ပိုဖိလုပ်လေ ၊ ပိုးဟပ်ဖြူရဲ့ အခုရောမြန်မာစာတွေရပြီလား"
"ဟာ မာန်နော် ငါ့ကို ပိုးဟပ်ဖြူလို့ မခေါ်နဲ့မကြိုက်ပါဘူးဆိုနေ"
ခုဏ က သချာ် အကြောင်းပြောလို့ ဆူပုတ်နေတဲ့မျက်နှာလေး ခု မျက်ခုံးတွေပါ ကျုံ့ကုန်ပြီ ။သူ့ကို ကျွန်တော် ပိုးဟပ်ဖြူလို့ခေါ်ရင် အရမ်းစိတ်ဆိုးတာလေ၊ ယောကျာ်းလေးကို ပိုးဟပ်ဖြူဆိုတဲ့နာမည်ကြီး ကအားနည်းတယ်တဲ့ ကျားကြီးတို့ နွားကြီးတို့ဆိုရင်တောင် ကောင်းသေးတဲ့။ သူ့ရုပ်လေးက ပိုးဟပ်ဖြူရုပ်လေးလေ အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့တစ်ကိုယ်လုံးမှာ ယောကျာ်းနဲ့တူတယ် ခံစားရတာဆိုလို့ အရပ်အမောင်း ဘဲရှိတာ ဒါတောင် အရပ်မောင်းက ကျွန်တော့ကို မှီသေးတာမဟုတ်။
YOU ARE READING
I LOVE YOU MORE THAN FRIEND
Romance"ငါမင်းကို သူငယ်ချင်းလိုဘဲ ခင်တာ အရင်က ကြိုက်တယ်ပြောတာလဲ စိတ်ကစားခဲ့ တာ ငါ့ကို မေ့လိုက်ပါတော့... ပျော်ရွှင်ပါစေ good luck ပါ" ဟေမာန် "အင်...