EPISODE - 10 (Unicode)
Ring!! Ring!!
" ထယ်ယောင်းလေး ဦး အခန်းထဲဝင်ခဲ့လို့ရမလား "အခန်းတံခါး bellတီးသံနှင့်အတူ အခန်းထဲဝင်ခွင့်တောင်းနေသော ဂျောင်ဂုအသံကြောင့် ကျောင်းသွားဖို့ အသင့်ပြင်ပြီးဖြစ်နေသော ထယ်ယောင်းမျက်နှာမှာ မဲ့ပြုံးတစ်ချက် ယှက်ပြေးသွားသည်။ သူအခု ညကကိစ္စကို အကြောင်းပြုပြီး ဦးကို ဒုက္ခပေးရတော့မည်။
" ဟင့်အင်း ထယ် ဦးကို စိတ်ဆိုးနေတယ်။ အခန်းထဲလည်း ဝင်မလာနဲ့၊ ကျောင်းလည်း လိုက်မပို့နဲ့ ကိုယ့်ဘာသာ Taxiပဲ ငှားသွားတော့မယ် "
လူကကြိတ်ရယ်နေသော်လည်း အပြင်က သူ့ဦးကိုတော့ သူတကယ်စိတ်ဆိုးနေသလိုလေသံဖြင့် လှမ်းအော်ပြောလိုက်သည်။ ဒါမှ ဦးဂျွန်တို့ မနေနို်င်မထို်င်ဖြစ်ပြီး အတင်းလာချော့တော့မှာ။
တကယ်လည်း ထယ်ယောင်း အကြံ အောင်မြင်ခဲ့သည်။ ဂျောင်ဂုကိုယ်တိုင်ကပါ ထယ်ယောင်းကို မရရအောင်ချော့ဖို့ စိတ်အားထက်သန်နေခဲ့တော့ အခြေအနေတွေက မြန်မြန်ဆန်ဆန် ရှေ့ဆက်တိုးဖို့ ဖြစ်လာခဲ့သည်။
" ထယ်ယောင်းလေး ဦးကို စိတ်ဆိုးနေမယ်ဆိုတာ သိပါတယ်။ အဲ့ဒါကြောင့် ဦးက ထယ်ယောင်းလေးကို သေချာပြန်တောင်းပန်ချင်နေတာ။ ဦးကို အခန်းထဲ ဝင်လာခွင့်ပြုနော်။ ထယ်ယောင်းလေး စိတ်ကျေနပ်တဲ့အထိ ဦးဘက်က တောင်းပန်ချင်လွန်းလို့ပါ "
အသံတစာစာဖြင့် ဝင်ခွင့်တောင်းနေပါသော ဦးဂျွန်ကြောင့် ထယ်ယောင်းလည်း သူ့အခန်းထဲ တိတ်တိတ်လေး ရယ်နေမိသည်။ ဒီလောက် အသည်းအသန်ဖြစ်နေပုံရလျှင် ဦးက သူကို တကယ်ကြီးစွဲလမ်းနေပြီဆိုတာ သိပ်သိသာလွန်းနေပြီ မဟုတ်လား။
" အဲလိုပြောရုံနဲ့ ဦးကို တံခါးဖွင့်ပေးမယ် ထင်နေတာလို့လား။ ဟင့်အင်း မရဘူးဆို မရဘူးပဲနော်။ ဦးက သိပ်မယုံရဘူး...ထယ် ဦးကို ကြောက်တယ် "
ထယ်ယောင်းဘက်က အကြောက်အကန် အော်ငြင်းနေသော်လည်း ဂျောင်ဂုဘက်က နောက်လှည့်ပြန်ဖို့ လုံးဝစိတ်ကူးမရှိ။ ဒီကလေးနဲ့ ပြန်အဆင်ပြေဖို့ဆို နည်းနည်းတော့ ဇွဲကောင်းရမယ် မဟုတ်လား။
YOU ARE READING
50 Shades of Kim
Fanfiction" ဦး ထင်နေသလိုမျိုး ထယ်က ပင်ကိုယ် အကျင့်စာရိတ္တဆိုးတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး ဦးရယ်...ထယ့်ကို လွှမ်းမိုးထားတဲ့ နောက်ကွယ်က အရိပ်မည်းတွေကြောင့်သာ ထယ်.. လူဆိုးလေး ဖြစ်နေရတာ "