EPISODE - 12 (Unicode)
ခန္ဓာကိုယ်နေရာအနှံ့မှ တဆစ်ဆစ်နာကျင်ကိုက်ခဲမှုတို့ဖြင့် နိုးထလာခဲ့ရသော မနက်ခင်းလေး...။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်ကွင်းထဲဝင်ရောက်လာသည်က သူ့မျက်နှာကို ရွှန်းရွှန်းစားစား အပေါ်ကမိုးကြည့်နေသော ဦးဂျွန်မျက်နှာကြီး။
" နိုးလာပြီလား ကလေးလေး...မင်းနိုးလာရင် မျက်နှာလိုက်သစ်ပေးမလို့ စောင့်နေတာ "
ပြောပြောဆိုဆို ထယ်ယောင်းနဖူးပြင်ပေါ် ေခြွချလိုက်သော အနမ်းတစ်ပွင့်။ ထယ်ယောင်းက စိတ်မကြည်သလို နှုတ်ခမ်းလေးစူသွားတော့ စပ်ဖြီးဖြီးရယ်ပြရင်း နောက်တစ်ကြိမ် ထပ်နမ်းပြန်သည်။
" သွားပါ...ထယ် ဦးကို စိတ်ကောက်နေတာ စကားလာမပြောနဲ့။ ညက ကိုယ့်ကိုယ်ကိုယ် သေပြီလို့တောင် ထင်ထားတာ။ ချစ်တယ်ပြောပြီး ဘာလို့ ကြမ်းကြမ်းတမ်းတမ်း မညှာမတာလုပ်ရတာလဲ "
စူပုတ်ပုတ်မျက်နှာဖြင့် မျက်စောင်းလေးထိုးကာ မျက်နှာလွှဲသွားသော ထယ်ယောင်းကြောင့် ဦးဂျွန်တို့ အသည်းတယားယားဖြစ်ကာ မျက်နှာကြီးဖြီးလျှက်။ သူ့ဘက်က ထယ်ယောင်းအပေါ် တကယ်မချစ်ပေမယ့် ဒီကလေးကြောင့်ရတဲ့ ပျော်ရွှင်မှုကိုတော့ သူနှစ်ခြိုက်သည်။
" အချစ်စိတ်တွေ ထိန်းမရသိမ်းမရ ပေါက်ကွဲထွက်ကုန်လို့ ဦး သတိလွတ်သွားတာပါ ထယ်ယောင်းလေးရဲ့။ ဦးရဲ့ကလေးလေးက အရမ်းချစ်ဖို့ကောင်းလွန်းနေတော့ ဦး စိတ်တွေ ထိန်းမရခဲ့ဘူး။ အရမ်းကြမ်းမိသွားရင် တောင်းပန်တယ်နော် "
ထယ်ယောင်း မျက်နှာလှည့်သွားသည့်ဘက် မျက်နှာချင်းဆိုင်မှာ ဝင်လှဲလိုက်ရင်း ပါးပြင်လေးကို ခပ်ဖွဖွလှမ်းကိုင်ရင်း ချော့မော့လာပါသော ဦးက ဘယ်ကဘယ်လို တတ်လာသည်မသိသော ပညာပေါင်းများစွာကို ထုတ်ပြတတ်နေပြီ။
" ဖြစ်ပြီးသွားပြီဆိုမှတော့ ဘယ်တတ်နိုင်မှာလဲ။ ဒါပေမယ့် ထယ် အရမ်းကြောက်နေတယ် ဦးရယ်။ ဦးက ထယ့်ကို ချစ်ဟန်ဆောင် အပျော်ကြံြပီး ထားသွားရင် ရင်ကျိုးရချည်ရဲ့။ ဦးကို ချစ်လွန်းလို့သာ အလိုလိုက်ပေးလိုက်ရတာ။ အချိုကုန်ရင် စွန့်ပစ်ခံရတဲ့ ပီကေလိုဘဝမျိုးရောက်မှာကိုတော့ ထယ် အရမ်းကြောက်မိတယ် "
YOU ARE READING
50 Shades of Kim
Fanfiction" ဦး ထင်နေသလိုမျိုး ထယ်က ပင်ကိုယ် အကျင့်စာရိတ္တဆိုးတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး ဦးရယ်...ထယ့်ကို လွှမ်းမိုးထားတဲ့ နောက်ကွယ်က အရိပ်မည်းတွေကြောင့်သာ ထယ်.. လူဆိုးလေး ဖြစ်နေရတာ "