part [ 1 ]

578 14 0
                                    

ခမ်းနားထည်ဝါလှသော လန်တိုင်းပြည်ရဲ့ လမ်းသွယ်လေးတစ်ခုမှာ လူတွေ စည်နေပါတယ်

တစ်စုံတစ်ခုကို စိတ်ဝင်စားလို့ လာရောက်ကြည့်ရူနေကြတယ်ဆိုပိုမှန်မယ်

( ပလွေမှုတ်သံ )

"သခင်လေးကချောလိုက်တာ"
"အရင်ကငါတို့လန်တိုင်းပြည်မှာ
အဲလောက်ချောမောတဲ့သခင်လေးကို မမြင်ဖူးပါဘူး "

ဝေ့ရင်းရဲ့ချောမောမှုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုပါပဲ
ယခုလည်း မိန်းမပျိုလေးနှစ်ယောက်ဟာဆိုရင့်ဖြင့် ဝေ့ရင်းရဲ့ ချောမောမှုတွေကို ချီးမွမ်းခန်းထုတ်နေပါတယ်

( မြင်းခွာသံ )

"လမ်းတွေဖယ်ကြစမ်း"
"လမ်းတွေဖယ်ကြစမ်း"

"လန်တိုင်းပြည်ရဲ့  အိမ်ရှေ့စံလန်ကျန့်မင်းသား ကြွချီလာပြီ"

" ဒူဒူဒူ....ဒူဒူဒူ.....ဒူဒူဒူ.......... "

လမ်းမထက်က ရပ်နေသူအားလုံးဟာ ဒူးထောက်အခစားလျက်ရှိလို့နေပါပြီ

ဝေ့ရင်းလည်းအပါဝင်ပဲပေါ့

အတန်ကြာသောအခါ

လှည်းဘီးတွေရဲ့ အရှိန်ဟာ အသင့်တင့်ရှိလို့နေသလို လှည်းယဥ်ထဲ မည်သူပါလိုက်ပါလာသည်ကို အားလုံးသိရှိပြီးသားပါ

"ချွမ် ချွမ် ချွမ်"

"ရပ်စမ်း! "

လှည်းယဥ်ကို ဝန်းရံထားသော စစ်သည်တော်များအထိတ်တလန့်ဖြစ်နေကြပါပြီ ။

ဘယ်ကမှန်းမသိတဲ့ သိုင်းလောကသားဟုယူဆရသော မျက်နှာဖုံးအုပ်ထားသော သူသုံးယောက်ဟာ လှည်းယဥ်အားတားဆီးလိုက်တာကြောင့်ပါပဲ ။

သူတို့ထဲက ခေါင်းဆောင်ဟုယူဆရသော လူတယောက်က

"လန်ကျန့် "

လမ်းမထက်ဟာဆိုရင်ဖြင့် တခဏတွင်း တိတ်ဆိတ်သွားပါတယ် ထိုတိတ်ဆိတ်နေသော လှည်းယဥ်ထဲက လူတစ်ယောက်ကတော့ ဒေါသထွက်လို့သွားပါပြီ

"ဘယ်သူလဲ
ရာရာစစ ငါ့နာမည်ကိုများ ခေါ်ရဲရတယ်လို့"

"ငါဘယ်သူလဲ ဆိုတာ မင်းတကယ်ပဲ မသိတာလား
မင်းကသိချင်မှတော့ ပြောပြရမှာပေါ့
ငါနာမည်က ချောင်းယွင်တဲ့"

To Love world ( အချစ်ကမ္ဘာ ဆီသို့ )Where stories live. Discover now