part [ 3 ]

123 9 2
                                    

လန်တိုင်းပြည်ရဲ့ အရဲရင့်ဆုံးသိုင်ပညာရှင်တွေဟာ ယခုဆိုလျှင် လန်နန်းတောရဲ့ မြားပစ်ကွင်းမှာ ရောက်ရှိလို့နေကြပါပြီ
ဝေ့ရင်းနဲ့ရှောင်ရှင်းချန်ကလည်း အပါဝင်ပေါ့နော်
ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို နန်းတော်ရဲ့ ရာထူးအမြင့်ဆုံး အထိန်းတော်က ရှင်းပြနေတာကို ပြိုင်ပွဲဝင်တွေက ဂရုစိုက်ပြီးနားထောင်နေပါတယ် သခင်လေးတဦးက လွဲလို့ပေါ့
ဝေ့ရင်းကတော့ အိမ်ရှေ့စံ လန်သခင်လေးကိုလိုက်ရှာနေပါတယ်
ပြိုင်ပွဲဟာ အလွန်ကိုရိုးရှင်းပါတယ်

ပြိုင်ပွဲကို သုံးပိုင်းခွဲထားပြီး
တဖွဲ့မှာငါးယောက်စီပါဝင်ရမှာပါ
ပြိုင်ပွဲဝင်တဦးစီတိုင်းက မြားသုံးချောင်းစီရရှိပြီး သုံးပွဲလုံးမှာ အလယ်ဗဟိုထိရမှာပါ
အလယ်ဗဟိုမထိရင်တော့ရူံးနိမ့်တယ်လို့မှတ်ယူရမှာပါ

ပြိုင်ပွဲစည်းမျဥ်းတွေကြေညာ ပြီးချိန်မှာ မြားတွေကိုလိုက်လံ ပေးအပ်ပါတယ်
ထို့နောက်
စတင်ယှဥ်ပြိုင်ရတော့မှာပါ
ယခုဆို လန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံ လန်သခင်လေးဟာ အကဲဖြတ်တဲ့ နေရာကို ရောက်လာခဲ့ပါပြီ တိုက်ဆိုင်တယ်ပဲပြောရမလား
ဝေ့ရင်းနဲ့ လန်ကျန့် နှစ်ဦးဟာ မျက်လုံးချင်းဆုံမိသွားပါတယ်
ဝေ့ရင်းကတော့ နှစ်လိုဖွယ်အပြုံးနဲ့ပြုံးပြပေမယ့် လန်ကျန့်ကတော့ မသိသလိုမျက်နှာလွှဲသွားပါတယ်

°°°°°°°°°°°°°°°°°°°°

ဗိုလ်လုပွဲ ( နောက်ဆုံးပွဲစဥ် ) ကို တက်ရောက်သွားသူ သုံးဦးပဲရှိပါတယ် ဝေ့ရင်း ရှောင်ရှင်းချန် နဲ့ လုလောင်ချင်း တို့ပါ
လုလောင်ချင်း ( နန်းတော်ထဲတွင် အမတ်ချုပ်၏ တဦးတည်းသော မြေး )

သူတို့သုံးယောက်ယှဥ်ပြိုင်ရမှာကတော့ လွတ်လိုက်တဲ့ သရေပြားကို
ပစ်ရမှာပဲ ဖြစ်ပါတယ်

"ရွှီ...................."

"ဒုတ်!"

အစေခံတဦးက အလျင်အမြန်ပြေးသွားပြီး သရေပြားကို ယူကာ အထိန်းတော်ဆီကိုပေးလိုက်ပါတယ်

"အမိန့်နာခံစေ
မြားပြိုင်ပွဲမှာ အနိုင်ရသွားတဲ့သူကတော့ ဝေ့သခင်လေးနဲ့ ရှောင်းသခင်လေးပါ "

To Love world ( အချစ်ကမ္ဘာ ဆီသို့ )Where stories live. Discover now