လန်အိမ်တော်ရဲ့ စာကြည့်ခန်းလေးကတော့ ငြိမ်သက်လို့နေပါတယ် ။
အခန်းထဲမှာလူရှိမှန်းတောင် ထင်ရပုံမပေါ်ပါဘူး။
စာရွက်လှန်သံလေးကတော့ အချိန်မှန်လို့ရယ်ပါ။
" ကျွီ............ "
" လန်ကျန့် ~ "စာဖတ်ခန်းထဲက တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်တဲ့သူက ရွှဲယန်ဖြစ်ပါတယ်
" ပြောစရာရှိလို့လား ဒီထိတောင်လိုက်လာတယ်ဆိုတော့ "
" ဧည့်သည်ရောက်နေတယ် "
" ဘာလို့လွယ်လွယ်နဲ့ပေးဝင်လိုက်တာလဲ
လန်အိမ်တော်က ဘယ်တုန်းကများ ခုလို
စည်းကမ်းတွေပျက်ပြားသွားရတာလဲ "
" ဒုတ်! "ဒစ်ခနဲဆို ဒေါသထွက်တတ်တဲ့ လန်ကျန့်ရဲ့ အကျင့်ကို ရွှဲယန်ကတော့ အလွတ်ရနေပါပြီ ငယ်ပေါင်းကြီးဖော်မဟုတ်လား
" မင်းသူ့ကို ထွက်တွေ့သင့်တယ်လန်ကျန့် "
" ဘယ်သူမို့လို့ငါကထွက်တွေ့ရမှာလဲ "
" သူဆီမှာ မင်းအမှတ်တံဆိပ်ပြားရှိနေတယ်ဆိုရင်ရော "°°°°°°°°°°°°°°°
( ပလွေမှုတ်သံ )
လန်အိမ်တော်ရဲ့ အနောက်ဘက်ဥယျာဥ်ထဲမှာ
လန်ကျန့်နဲ့ ဝေ့ရင်းနှစ်ယောက်ထဲပဲ ရှိလို့နေပါတယ်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ပလွေသံလေးဟာ ညိမ့်ညောင်းစွာပဲ ရပ်တန့်သွားပါပြီ
"ကျွန်တော်မျိုးဝေ့ရင်း လန်သခင်လေးကို ဂါရဝပြုပါတယ်"
" ဝေ့ရင်း......."
"မနေ့ညကအမှတ်တံဆိပ်ပြားကို ဒီက ဝေ့သခင်လေး ကောက်ရထားတယ်လို့ ရွှဲယန်ကပြောတယ် "
" မူလ ပိုင်ရှင်ကိုပြန်ပေးစေချင်ပါတယ် "
" ပြန်မပေးဘူးဆိုရင်ရော "ဝေ့ရင်းမျက်နှာကပြုံးဆိဆိနဲ့ပြန်မေးနေတာမို့
လန်ကျန့်မျက်မှောင်ကျုံ့သွားပါတယ်

YOU ARE READING
To Love world ( အချစ်ကမ္ဘာ ဆီသို့ )
Fanfictionလန်တိုင်းပြည်ရဲ့ ရဲရင့်ပြတ်သားသော လန်မျိုးနွယ်ဒုတိယမင်းသား အိမ်ရှေ့စံ လောင်းလျာ လန်ကျန့် ချောမောသော ရုပ်ရည်အသွင်ဖြင့် တိုင်းပြည်များစွာလှည့်လည်ကာ ဖျော်ဖြေသော ပလွေသမားလေး ဝေ့ရင်း သူတို့နှစ်ဦးရဲ့ အချစ်ဟာ တကယ်ရော ဖြစ်တည်လာပ့မလား