ခမ်းနားထည်ဝါလှသော လန်တိုင်းပြည်ရဲ့ လမ်းသွယ်လေးတစ်ခုမှာ လူတွေ စည်နေပါတယ်
တစ်စုံတစ်ခုကို စိတ်ဝင်စားလို့ လာရောက်ကြည့်ရူနေကြတယ်ဆိုပိုမှန်မယ်
( ပလွေမှုတ်သံ )
"သခင်လေးကချောလိုက်တာ"
"အရင်ကငါတို့လန်တိုင်းပြည်မှာ
အဲလောက်ချောမောတဲ့သခင်လေးကို မမြင်ဖူးပါဘူး "ဝေ့ရင်းရဲ့ချောမောမှုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုပါပဲ
ယခုလည်း မိန်းမပျိုလေးနှစ်ယောက်ဟာဆိုရင့်ဖြင့် ဝေ့ရင်းရဲ့ ချောမောမှုတွေကို ချီးမွမ်းခန်းထုတ်နေပါတယ်( မြင်းခွာသံ )
"လမ်းတွေဖယ်ကြစမ်း"
"လမ်းတွေဖယ်ကြစမ်း""လန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံလန်ကျန့်မင်းသား ကြွချီလာပြီ"
" ဒူဒူဒူ....ဒူဒူဒူ.....ဒူဒူဒူ.......... "
လမ်းမထက်က ရပ်နေသူအားလုံးဟာ ဒူးထောက်အခစားလျက်ရှိလို့နေပါပြီ
ဝေ့ရင်းလည်းအပါဝင်ပဲပေါ့
အတန်ကြာသောအခါ
လှည်းဘီးတွေရဲ့ အရှိန်ဟာ အသင့်တင့်ရှိလို့နေသလို လှည်းယဥ်ထဲ မည်သူပါလိုက်ပါလာသည်ကို အားလုံးသိရှိပြီးသားပါ
"ချွမ် ချွမ် ချွမ်"
"ရပ်စမ်း! "
လှည်းယဥ်ကို ဝန်းရံထားသော စစ်သည်တော်များအထိတ်တလန့်ဖြစ်နေကြပါပြီ ။
ဘယ်ကမှန်းမသိတဲ့ သိုင်းလောကသားဟုယူဆရသော မျက်နှာဖုံးအုပ်ထားသော သူသုံးယောက်ဟာ လှည်းယဥ်အားတားဆီးလိုက်တာကြောင့်ပါပဲ ။
သူတို့ထဲက ခေါင်းဆောင်ဟုယူဆရသော လူတယောက်က
"လန်ကျန့် "
လမ်းမထက်ဟာဆိုရင်ဖြင့် တခဏတွင်း တိတ်ဆိတ်သွားပါတယ် ထိုတိတ်ဆိတ်နေသော လှည်းယဥ်ထဲက လူတစ်ယောက်ကတော့ ဒေါသထွက်လို့သွားပါပြီ
"ဘယ်သူလဲ
ရာရာစစ ငါ့နာမည်ကိုများ ခေါ်ရဲရတယ်လို့""ငါဘယ်သူလဲ ဆိုတာ မင်းတကယ်ပဲ မသိတာလား
မင်းကသိချင်မှတော့ ပြောပြရမှာပေါ့
ငါနာမည်က ချောင်းယွင်တဲ့"
YOU ARE READING
To Love world ( အချစ်ကမ္ဘာ ဆီသို့ )
Fanficလန်တိုင်းပြည်ရဲ့ ရဲရင့်ပြတ်သားသော လန်မျိုးနွယ်ဒုတိယမင်းသား အိမ်ရှေ့စံ လောင်းလျာ လန်ကျန့် ချောမောသော ရုပ်ရည်အသွင်ဖြင့် တိုင်းပြည်များစွာလှည့်လည်ကာ ဖျော်ဖြေသော ပလွေသမားလေး ဝေ့ရင်း သူတို့နှစ်ဦးရဲ့ အချစ်ဟာ တကယ်ရော ဖြစ်တည်လာပ့မလား