ကျွန်မနာမည်က မုတ်သုန်လေတဲ့။
အဲ့နေ့က ကျွန်မဘဝရဲ့ အထူးခြားဆုံးအချိုးအကွေ့တစ်ခုလို့ပဲ ပြောရမလားပဲ။ သုံးနှစ်ကျော် ပေါင်းလာတဲ့ ကျွန်မယောကျာ်းက တကယ်တော့ နူးညံ့တဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူးတဲ့လေ။ဖြစ်ပုံက
"သုန် ဒါတွေက ဘာတွေလဲ?!!!"
"ကိုကိုလည်း မျက်လုံးပါတာပဲလေ။ တစ်ချက်ကြည့်ရုံနဲ့မသိဘူးလား?။အပြစ်လုပ်လို့ အပြစ်ပေးခံနေရတဲ့ ပုံတွေလေ။ အဟွန်း ကိုကိုကတော့ ဒါတွေ ဘယ်သိမလဲ။ သုန့်ကိုတောင် အိပ်ရာပေါ်မှာတောင် စိတ်ကျေနပ်မှု မပေးနိုင်ပဲကိုး။"
ကိုကို့အမေးကို ကျွန်မခပ်အေးအေး ပြန်ဖြေရင်း ဒီအတောတွင်းမကျေနပ်ခဲ့တဲ့ ကိစ္စတွေကို နှုတ်ခမ်းမဲ့ပြလို့ ပြောတဲ့အခါမှာတော့ အနာပေါ်တုတ်ကျသွားသလား မသိတဲ့ကိုကိုဟာ မျက်နှာကြီးနီရဲလာပါလေရော။
ကျွန်မကိုယ်တိုင်လည်း ပြောမယ့်သာပြောနေရတာ တကယ်တော့ ခြေဖျားလက်ဖျားတွေအေးနေပြီ။ ကြည့်လေ။ ကိုကိုလာပြတဲ့ ပုံတွေက ကျွန်မ Laptop ထဲက ကျွန်မရဲ့ secret ဖိုင်လေးကိုး။ တစ်နည်းအားဖြင့် BDSM ဆိုတဲ့ စကားစုထဲက DS relationship ပုံရိပ်တွေပေါ့။ ကျွန်မကိုယ်ကျွန်မ Submissive mide ရှိမှန်းသိခဲ့တာ ကိုကိုနဲ့ အိမ်ထောင်မကျခင် တစ်လအလိုလောက်ကပါ။ လက်ထပ်ပြီးရင်တော့ ကိုယ့်ခင်ပွန်းကလည်း Dominant mide ရှိရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်ခဲ့သမျှဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်စွာပဲ ကိုကိုဟာအိပ်ရာပေါ်မှာပါ ကျွန်မကို တအားနူးနူးညံ့ညံ့ဆက်ဆံလွန်းနေတော့ ခက်သည်။
သုံးနှစ်လုံး သိမ်းထားခဲ့ရတဲ့အစိုင်အခဲတွေဟာ ကိုကို ကျွန်မရဲ့ secret world လေးကိုချပြလာချိန်မှာတော့ ပွင့်ထွက်ကုန်တာပါပဲ။
ကိုကိုဆိုတဲ့ ဦးတေဇာမော်ဟာ ကျွန်မထက် အသက် ၉နှစ်တိတိကြီးတဲ့ ဆေးပါမောက္ခတစ်ဦးပါ။ ကျွန်မအသက်က ဒီနှစ်ထဲ ၂၂ ဆိုတော့ကိုကိုက ၃၁ နှစ်ပေါ့။ ဆေးကျောင်းတက်နေတဲ့ကျွန်မအတွက် ကိုကိုဟာ ဆရာဆိုတဲ့ဂုဏ်ရော အိမ်ထောင်ဦးစီးဆိုတဲ့ဂုဏ်နဲ့ရော လွှမ်းမိုးမှုရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ကျွန်မဘက်ကနေ ကိုကို ကျွန်မကို သူ့စိတ်ကြိုက်ပုံသွင်းပြီး ထားရာနေစေရာသွား ဘဝနဲ့ နေစေချင်ခဲ့တာပေါ့။ အခုတော့ အဲ့လိုဖြစ်တော့မယ် ထင်ပါတယ်။
YOU ARE READING
ကိုယ်ရစ်မူးမယ့်နွံ
Romanceသုံးနှစ်ကျော်ပေါင်းလာတဲ့ ငါ့ယောကျာ်းက နူးညံ့တဲ့သူမဟုတ်ဘဲ တကယ်တော့ ငါတအားလိုချင်နေခဲ့တဲ့ Dominate တစ်ယောက်တဲ့။ ငါ့ယောကျာ်းက မြေခွေးအိုကြီးပဲ။ ဒါတွေကို ငါမသိအောင် သုံးနှစ်ကျော်တောင် ဘယ်လိုဖုံးကွယ်ခဲ့တာပါလိမ့်။ မုတ်သုန်လေ ကိုယ့်ရဲ့ သိမ်မွေ့တဲ့ အမျိုးသမ...