Chapter 3

9.1K 101 14
                                    

ဒီနေ့က ရှားရှားပါးပါး မုတ်သုန်နဲ့ကိုကို့ရဲ့ holiday လေးဖြစ်သည်။ ခါတိုင်းဆို ကိုကိုက သူ့ဆေးရုံကိစ္စတွေအပြင် စာသင်ရတာရောနဲ့ အားရတယ်ကိုမရှိပင်။ ဒီနေ့တော့ ရှားရှားပါးပါး ကိုကို အလုပ်ပါးတဲ့ရက်မို့ တစ်နေကုန်အိမ်မှာနေဖြစ်သည်။ မုတ်သုန်လည်း ပိတ်ရက်မို့ အတန်းတက်စရာတွေမရှိပါ။

အိမ်မှာနေရပေမယ့် ကိုကိုက စာအုပ်တစ်အုပ်ယူကာ ဧည့်ခန်းတွင် ဖုန်းထိုင်သုံးနေသော မုတ်သုန်အနား အဖော်လုပ်ပေးနေသည်။ ဘာမှ ထွေထွေထူးထူးမရှိ အရမ်းရိုးရှင်းနေသော နေ့ရက်တွေလိုပင်။ အမှန်ဆို ဒီအခြေနေက ကြည်နူးစရာလေးဖြစ်နေပေမယ့် ပြဿနာမှာ မုတ်သုန်တအား အရိုက်ခံချင်နေသည်။

ကိုကို့လက်ဆကိုသိပြီးထဲက တော်တော်လန့်သွားလို့ ဒီတစ်လောအပိုးကျိုးနေပေမယ့် လက်ဆလေးကို လွမ်းမိသလိုဖြစ်လာတော့လဲ ဘယ်တတ်နိုင်ပါ့မလဲနော့်။ ဒါကြောင့် ဟိုတစ်ခါက တွေ့ဖြစ်တဲ့ sharking your ass in front of your husband နဲ့ ကိုကို့ကို prank လုပ်ဖို့ဆုံးဖြတ်လိုက်သည်။ မုတ်သုန်က YouTube မှာ subscribers တော်တော်များများရှိပြီး vd အတိုအထွာလေးတွေ တင်နေကြမို့ prank လုပ်ဖို့ အဆင်ပြေလောက်သည်။

"ကိုကို စာဖတ်မယ်ဆို စာကြည့်ခန်းထဲ ခဏသွားဖတ် မုတ်သုန် YouTube မှာ တင်ဖို့  vd ရိုက်ချင်လို့"

မုတ်သုန်ပြောလိုက်တော့ ကိုကိုက မျက်မှောင်တစ်ချက်ကုတ်တာ လှမ်းကြည့်ပေမယ့် ဘာမှတော့ပြောမလာပါ။ ဟုတ်သည်လေ။ ပုံမှန်ဆို vd ရိုက်လည်း ကိုကိုအနားမှာ ရှိရင် ကိုကို့ကိုပါ ထည့်ရိုက်လိုက်သည်ကို။

"Ok"

ကိုကိုက ပြောပြီးပေမယ့် ထမသွားသေးပဲ မုတ်သုန်ကို ခဏမျှ စိုက်ကြည့်နေသေးသည်။
မုတ်သုန် ဖုန်းကိုသေချာနေရာချပြီးသည်အထိ လိုက်ကြည့်နေဆဲမို့

"ကိုကိုလို့...vd ရိုက်မလို့ပါဆို စာကြည့်ခန်းထဲသွားပါဆိုနေ"

ထိုအခါမှ ကိုကိုက ထထွက်သွားတော့သည်။ သို့သော် ကိုကို ဧည့်ခန်းဝရောက်တာနဲ့ မုတ်သုန်ရဲ့

"Hi guys, Welcome back my YouTube channel. Today I gonna teach you how to  sexily shake your ass. Ok The first step is...."

ဆိုတာကြီးကြားတာနဲ့ ပြန်လှည့်လာတော့သည်။ ကိုကို မုတ်သုန်နားမရောက်ခင်မှာတင် မုတ်သုန်က ဖင်လေးကော့ပြီး shake လုပ်ဖို့ပြင်ပြီးနေပြီ။

ကိုယ်ရစ်မူးမယ့်နွံWhere stories live. Discover now