-two-

6.5K 648 11
                                    

-2-

"Oh Sehun! ငါမင်းကို မုန်းတယ်​..."

ခပ်​သဲ့သဲ့ကြားရတဲ့ စကားသံ​နောက်​ Se Hun နှုတ်​ခမ်းပါး​တွေကို တစ်​ချက်​မဲ့လိုက်​ကာ နားထဲဆို့ထားတဲ့ ဂွမ်း​တွေ​ပေါ်မှာ နားကြပ်​ကြီးတစ်​ခု ထပ်​တပ်​ထားလိုက်​သည်​။

"မုန်း​ပေါ့... Hyung မုန်းတာ ကျွန်​​တော်​က ဘာလုပ်​ရမှာလဲ..."

Se Hun ​အော်​လိုက်​ရင်း အိပ်​ရာ​ပေါ်လှဲချလိုက်​သည်​။ အခန်းထဲမှာ ဖွင့်​ထားတဲ့ သီချင်းသံအလိုက်​ ကုတင်​က အနည်းငယ်​ တုန်​ခါ​နေ​သေးသည်။ ​တော်​​သေးတာက ဒီ​နေ့ အိမ်မှာ ဘယ်​သူမှရှိမ​နေ။ Lu အိမ်​မှာ​တော့ လူရှိချင်​ရှိမှာ​ပေါ့။ သူတို့ရန်​ဖြစ်​​နေမှန်း​တော့ သိကြမှာပါပဲ။

မျက်​လုံးကိုအလိုက်​သင့်​မှိတ်​ကာ သဲ့သဲ့ပဲ ကြားရ​တော့သည့်​ သံစဉ်​ထဲ ​မျှော​နေလိုက်​ရင်း စိတ်​က အလိုလို Luhan Hyung ဆီ​ရောက်​သွားသည်​။

ဒီ​နေ့ သူ အ​ကြောင်းတိုက်​ဆိုင်​လို့ အဲ့ဒီ့ စား​သောက်​ဆိုင်​ကို ​ရောက်​သွားခဲ့တာပါ။ Kim Jong In အဆွယ်​​​ကောင်းလို့​ပေါ့။ ​မောင်​မင်းကြီးသား ​ကျေးဇူး​တောင်​ တင်​ရဦးမည်​။ မဟုတ်​လျှင်​ Luhan Hyung ဒီအချိန်​​လောက်​ဆို အဲ့မိန်းမရဲ့ ညှို့ကွင်းထဲကို ကျ​​နေ​လောက်​ပြီ။

"Aish..."

အပြစ်မရှိ​​သော ​​ခြေရင်းဘက်​မှ ​စောင်​​လေးကို ကန်​​ကျောက်​ရင်း Sehun ​အော်​ပစ်​မိလိုက်​သည်​။

အဲ့ဒီ့ Ming Jung ဆိုလား ဘာလား အစ်​မကြီးကို မ​ကျေနပ်​တာ​​တော့ အမှန်​။ သူ့ကို ဆိုလျှင်​ အမြဲလိုလို ​အော်​လိုက်​ဟစ်​လိုက်​ ရိုက်​လိုက်​မဲ့လိုက်​ ဆက်​ဆံတဲ့ Lu Han Hyung က အဲ့အစ်​မကြီးနဲ့ကျ​တော့ ပြုံးလို့ရွှင်​လို့။ ဘာမှန်းကိုမသိ။

အိပ်​ရာ​ဘေးမှာ ဖွင့်​ထားတဲ့ နားစည်​​တွေကို နှိပ်​စက်​​နေ​သော ကက်​ဆက်​ကို ခလုတ်​ပိတ်​ချလိုက်​သည်​။

"မုန်းတယ်​! Hyung ကို မုန်းတယ်​...!"

ပြော​နေကျစကားကို ​အော်​ဟစ်​ရင်း Se Hun အိပ်​ရာ​ပေါ်လှဲမိပြန်​သည်​။

"I Hate You. But..." [HunHan]Donde viven las historias. Descúbrelo ahora