part 8

1.9K 250 19
                                    

"  မင်းငါ့ကိုလက်ခံပြီမလား ဝမ်"

"ဘာကိုဘဲ"

"မင်းရဲ့လက်တွဲဖော်ဆိုတာကိုလေ"

"အင်းကိုယ်လက်ခံတယ်  မင်းကိုယ့်ကိုလှည့်စားမယ်တော့မစဉ်းစားနဲ့နော် အဲ့ကျက်မင်းကိုဖမ်းပြီးချုပ်နှောင်ထားမှာ"

ရိပေါ်ရှောင်ကျန့်မေးကိုပင့်ပြီးမျက်လုံးကိုစိုက်ကြည့်ကာအေးစက်စက်ဆိုလိုက်တယ်

ရှောင်ကျန့်ပြုံးရင်းရိပေါ်ရဲ့နှုတ်ခမ်းကိုထိကပ်လိုက်တယ်

"မင်းကိုငါဘယ်‌ေတာ့မှလှည့်စားမှာမဟုတ်ဘူး "

" သေချာလား မင်းလိုမြေခွေးပေါက်လေးရဲ့ခေါင်းတွေထဲမှာဘာတွေတွေးနေလဲ ကိုယ်နိုင်မှာလဲ"

"ငါတစ်ခြားသူတောင်မင်းကိုတော့ဘယ်တော့မှလိမ်ညာမှာမဟုတ်ဘူး"

ရိပေါ်ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးကိုမြတ်မြတ်နိုးနိုးနမ်းနေတယ်

'လခွမ်း!! အတွဲစုတ်တွေ လူရှေ့သူရှေ့လဲမရှောင်ဘူး'
ယွင်ရှီး ကော်ဖီဆိုင်မှာကတည်းကထွက်လာတဲ့ဒေါသတွေအရှေ့ကမြင်ကွင်းကြောင့်ပိုဆိုးကုန်တယ်

"အွန့်!! ရိပေါ် ..လွှတ်အုံး"

ရှောင်ကျန့်အတင်းရုန်းမှရိပေါ်‌ဘက်နမ်းနေတာကိုရပ်လိုက်တယ် ဒါတောင်သံယောဇဉ်မပျက်သလို ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေကိုကြည့်နေသေးတယ်

"အငတ်ကြီး ဘယ်အချိန်ကတည်းကငတ်ပျက်နေတာလဲ လူမြင်သွားတာတောင်မဂပ်ဘူး အုတော့ယွင်ရှီးကောကိုဘယ်မျက်နှာနဲ့ကြည့်ရတော့မလဲ"

"အဲ့တာဆိုမကြည့်နဲ့ ကိုယ်ရင်ခွင်ထဲလာနေ"
ပြောပြီးရိပေါ်ရှောင်ကျန့်ကိုရင်ခွင်ထဲထည့်ဖက်လိုက်တယ်

ယွင်ရှီးသူ့ရှေ့ကချစ်ကြည်နူးတီတူးနေတဲ့အတွဲကိုကောက်ထုမိမှာဆိုး၍သူကိုယ်တိုင်ဘဲထထွက်လာရတော့တယ်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

တစ်ဖက်တွင်

"ကိုကို လုရီတို့ဘယ်လိုလုပ်ကြမလဲ ဟိုမြေခွေးကောင်နဲ့ဝမ်ရိပေါ်ပေါင်းမိသွားရင် ဝမ်မျိုးနွယ်ကိုဆက်ခံဖို့ကိစ္စ ခက်ခဲသွားမှာ‌နော်"

ဇာတ်လိုက်ပြောင်းလဲရန် systemWhere stories live. Discover now