part 6

2.2K 190 2
                                    

Part 6
ရှောင်ကျန့် လဲလျောင်းနေတဲ့ရိပေါ်ရဲ့လက်ကလေးကိုကိုင်ပြီးမျက်ရည်တွေကျလာမိတယ်

"ရှောင်းသခင်လေး အရမ်းဝမ်းမနည်းပါနဲ့ ရိပေါ်ကမကြာခင်သတိရလာမှာပါ"
ရှောင်ကျန့်ပုခုံးကိုပုတ်ရင်းအားပေတာတဲ့ဆရာဝန်ကိုမော့ကြည့်လိုက်တယ်
"သူဒီလိုဖြစ်ရတာကျွန်တော့်ကြောင့်ပါ"

"မဟုတ်ပါဘူး ကျွန်တော်ကbetaကပေမဲ့ဆရာဝန်မို့သိသင့်တာသိပါတယ်
ရိပေါ်ကပုံမှန် rut ကာလတွေမှာလဲဒီလိုဘဲဖြတ်သန်းနေရတာ အခုကrutကာလကို‌ေရာဆေးမိတာကိုပါအတင်းထိန်းချုပ်ထားတာကြောင့် အခြေအနေပိုဆိုးသွားရုံပါ ဒါပေမဲ့ရှောင်သခင်လေးရဲ့ pheromoneကြောင့်ရိပေါခံစားရတာအနည်းငယ်သက်သာသွားတာ"

ပေါမှာလဲလျောင်းနေတဲ့ရိပေါ်ဆီအကြည့်ပြန်ပို့လိုက်တယ်
စောနကဧည့်ခံပွဲမှာယွင်ရှီးနဲ့ ကျူးစန်းကျင့်တို့မ‌ေရာက်ခင်အဖြစ်အပျက်ကိုအခုထိသူပြန်မြင်နေတုံးဘဲ
စိတ်ရိုင်းဝင်ပြီးမိမိကိုဒုက္ခပေးမိမှာဆိုးလို့သူ့လက်ကိုပြန်ကိုက်ပြီးအတင်းတောင့်ခံထားခဲ့တာ
ယွင်ရှီးတို့သာအနည်းငယ်နောက်ကျသွားရင် ရိပေါ်ရဲ့ဂုဏ်သတင်းကရစရာမရှိဖြစ်တော့မှာ
ရှောင်ကျန့်ရိပေါ်ရဲ့နှုတ်ခမ်းကိုရမ္မက်မပါဘဲနူးနူးညံ့ညံ့လေး အတော်ကြာတဲ့ထိနမ်းရှုိက်နေတယ်

ကျူးစန်းကျင့် အခန်းထဲအလိုက်မသိရပ်နေတဲ့လော်ယွင်ရှီးကိုအပြင်ဆွဲထုတ်လာတယ်

"စန်းကျင့် မင်းဘာလို့ငါ့ကိုခေါ်လာတာလဲ သခင်လေးရဲ့အခြေအနေကိုငါစောင့်ကြည့်ရဉီးမယ်"

"မင်းအခုထိfa ဖြစ်နေတာမအံ့ဩတော့ပါဘူး သူများအတွဲကြားကန့်လန့်ဖြစ်နေချင်တာကို"

"မင်းကျတော့ဘာထူးလဲအခုထိယေက်ျားမရသေးဘဲနဲ့ ဟွိုက်ခွမ်းကိုကျ...."
မျက်နှာပျက်သွားတဲ့စန်းကျင်ကြောင့်‌ယွင်ရှီးပြောလက်စစကားအားရပ်လိုက်တယ်

"စန်းကျင့် ငါတောင်းပန်ပါတယ် "

"ရပါတယ် အခုသူလည်းသူ့ဘဝနဲ့သူပျော်နေလောက်ပါပြီ ယွင်ရှီးငါပြန်တော့မယ်"
ဝမ်းနည်းနေပေမဲ့အားတင်းပြုံးရင်းနှုတ်ဆက်လာတဲ့သူငယ်ချင်းကိုယွင်ရှီးအားနာသလိုကြည့်ရင်းပြန်နှုတ်ဆက်လိုက်တယ်

ဇာတ်လိုက်ပြောင်းလဲရန် systemWhere stories live. Discover now