"ရှောင်း ..ကိုယ်ရှောင်အကြီးအကဲနဲ့လိုက်တွေ့မယ် ပြီးရင်မင်းကဝမ်ရိပေါ်ရဲ့အပိုင်ဆိုတာကြေငြာမယ်"
ရှောင်ကျန့်အံ့ဩသွားတယ်
"ဝမ် ..တစ်ကယ်ကြီးလိုက်တွေ့မလိုလား""အင်း ရှောင်းကိုယ်တို့ဘယ်နေ့သွားတွေမလဲ ရှောင်အကြီးအကဲ့တွက်လက်ဆောင်ကြိုပြင်ဆင်ရအောင်"
"ဟိုလေ..ဝမ် အခုသွားမတွေ့သေးရင်မကောင်းဘူးလား"
ရိပေါ်ေဒါသထွက်ပြီးမျက်လုံးတွေစူးရဲသွားတယ်
"ဘာလဲ ရှောင်းမင်းကကိုယ့်ကိုအသုံးခနေတာမို့မတွေ့စေချင်တာလား"တစ်လုံးချင်းအေးစက်စက်ဆိုလာတဲ့ရိပေါ်ကြောင့်ရှောင်ကျန့်မှာအမြန်ရှင်းပြရန်ကြိုးစားရတော့တယ်
"ဝမ် အထင်မလဲပါနဲ့ သွားမေတွ့စေချင်တာက ငါကစေ့စပ်ပွဲပျက်ထားတာမကြာသေးဘူးလေ ပြီးတော့သူက မင်းရဲ့အဖေတူအမေကွဲအကိုမလား ဒါကြောင့်ပါ"
"အဲ့တာနဲ့အခုကိစ္စကဘာဆိုင်လို့လဲ!"
ရှောင်ကျန့်ရိပေါ်ကိုဖက်လိုက်တယ်
"ဒေါသမထွက်ပါနဲ့ဉီး ကျွန်တော်ပြောတာအရင်နားထောင်ပေး ဝမ်သာကျွန်တော်မိဘတွေကိုလာတွေ့တာနဲ့သေချာပေါက်လူတိုင်းပါးစပ်ဖျားမှာပြောလာကြလိမ့်မယ် ရိပေါ်မကောင်းကြောင်းနဲ့ ဝမ်တလုသနားစရာကောင်းကြောင်းကို "
"အဲ့တော့"
ရှောင်ကျန့်ရိပေါ်ရဲ့ပါးကိုနမ်းလိုက်တယ်"အဲ့တာကြောင့် ဝမ်တလုနဲ့လုရီ ရဲ့ဆက်ဆံရေးကို လူသိအောင်အရင်လုပ်ရမယ် ဒီလိုမဟုတ်ရင် ဝမ်ကိုမကောင်းပြောကြမှာ ကျွန်တော်မလိုလားဘူး"
"အဲ့အတွက်မပူနဲ့ကိုယ်လုပ်ပေးမယ် "
"ဟီး လန်ကျန့်ကအကောင်းဆုံးဘဲ "
ရှောင်ကျန့် ရိပေါ်ရဲ့နှုတ်ခမ်းကိုနမ်းရှိုက်လိုက်တယ်
အနမ်းကိုစတင်တာကရှောင်ကျန့်ပေမဲ့ဉီးဆောင်သွားတာရိပေါ်ပင်
မကြာခင်ဘဲ ဝမ်ရိပေါ်ရဲ့ ကော်ဖီနံ့ Pheromoneနဲ့ နို့နံ့သင်းသင်းလေးရှိတဲ့ရှောင်ကျန့်ရဲ့Pheromone နံ့တွေရောထွေးသွားပြီး ရုံခန်းအပြင်ထိပါ Pheromoneနဲ့တွေ လျှံထွက်လာတယ်
YOU ARE READING
ဇာတ်လိုက်ပြောင်းလဲရန် system
Fanfictionxiao zhanက fic ဖတ်ရတာအရမ်းသဘောကျတဲ့သူပေါ့ တစ်နေ့မှာ သူနဲ့နာမည်တူတဲ့ characterပါတဲ့My Omegaဆိုတဲ့fic လေးကိုဖတ်မိတယ် ဒီfic ဇာတ်လမ်းမှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မဟာ ကျီးအာသီးတွေဖြစ်ပြီးရှောင်ကျန့်ဆိုတဲ့ဇာတ်ကောင်လေးဟာမတရားသဖြင့်သေဆုံးခဲ့ရတယ် ရှောင်ကျန့်ကfi...